Chapter - 24 : The problem of having possessive lover

5.3K 421 72
                                    

"Nong Kongpob နဲ့ Nong Aim က ကားနံပတ် ၃ မှာ…"

"Khap… P Fang…"

"အင်း Nong Kongpob…"

"ဟို P Arthit ရော…"

"အင်း သူတို့မရောက်သေးဘူး… Arthit က Nong တို့နဲ့တစ်စီးတည်းပဲ…"

သူ့အား မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလာသည့် Fang ကြောင့် သူ အနည်းငယ်ရှက်သွားသဖြင့် ခေါင်းလေးကုတ်လိုက်မိတော့ သူဘေးမှ Aim က ကြိတ်ရယ်နေခဲ့သည်။ Fang ထွက်သွားတော့မှ သူ့အား တံတောင်နှင့် တွန်းလိုက်ရင်း…

"ငါ ခုံနံပတ်လဲပေးပါ့မယ်"

သူ့ Aim အား မကြည်ကြည့်တစ်ချက်ကြည့်လိုက်တော့ Aim သူ့အား မချိုမချဉ်မျက်နှာပေးဖြင့် ပြန်ကြည့်လာခဲ့သည်။

"ဘာလဲ မခွဲနိုင်မခွာရက် ဖြစ်နေတာမဟုတ်လား  မင်းအခန်းအောင်းနေကတည်းက မရိုးသားဘူး ထင်နေတာ… P Arthit က မင်းအခန်းမှာ တောက်လျှောက်ရှိနေတာ ငါ မနေ့ညနေက မင်းဆီလာတော့မှပဲသိရတယ်!"

သူ့အား မျက်စောင်းကြီးထိုးရင်း ပြောသည့် Aim ကြောင့် သူ ရယ်ချင်သွားမိသည်။ မနေ့ညက…

Flash Back

Arthit ၏ အခန်းသည် ပြန်နေ၍ ရသည့်တိုင် Arthit တစ်ပတ်လုံးနီးပါး သူ့အခန်းတွင်သာ လာနေဖြစ်ခဲ့သည်။ First Semster ပြီးချိန်ဖြစ်သဖြင့် အိမ်ပြန်နေသည့်သူ များသောကြောင့် Arthit သူ့အခန်းတွင်း လာရောက်နေသည်က ပြဿနာတစ်ခုမဟုတ်ခဲ့။ သူ အစပထမ Arthit လာနေသည့်အတွက် တတိယနှစ်များကို သူ စိတ်ပူမိနေခဲ့သေးသည်။ စိတ်မပူ၍လည်း မဖြစ် Bright နှင့် Knot သာ သူတို့နှစ်ဦး Bounded ဖြစ်ပြီးသည်ကို သိလျှင် မည်သို့တုံ့ပြန်မည်ကို သူ မခန့်မှန်းနိုင်။ အထူးသဖြင့် Bright… Bright သည် Rojnapat တစ်ဦးမို့ သူတို့နှစ်ဦးကို မည်သို့မျှလက်ခံမည်မဟုတ်။ ထို့အတွက် Arthit သူ့အခန်းတွင်းလာနေခြင်းကို သူဝမ်းသာမိသော်လည်း တတိယနှစ် Senior များသိလျှင် သူ့ P Arthit အား တစ်ခုခုပြောဆိုမည်ကို သူ မလိုလားသဖြင့် စိတ်ပူနေမိခဲ့ခြင်း။ သို့သော်လည်း ထို ပူပင်ခြင်းက အပိုအလုပ်တစ်ခုဖြစ်နေကြောင်းကို P Fang မှ Hazing Team တစ်ခုလုံးတွင် Arthit မှလွဲ၍ အကုန်အိမ်ပြန်သွားသည်ဟု သတင်းပေးခြင်းမှ တစ်ဆင့် သူသိရှိခဲ့ရသည်။ သူတို့နှစ်ဦး၏ ပျော်ရွှင်ဖွယ် ရက်သတ္တပတ်ကို သူတို့ပျော်ရွှင်ကြည်နူးရင်ခုန်ဖွယ် (Arthit အား သူ အနားမပေးခဲ့ဘဲ) ဖြတ်သန်းခဲ့ကြသည်။ ထိုညတွင်တော့…

A Bitter Destiny (fanfic)Where stories live. Discover now