Chapter-3 : He is mine!

5.6K 541 60
                                    

"ဘယ်သူက မင်းတို့ကို ခေါင်းထောင်လာခိုင်းလို့လဲ!!!!"

နေလုံးတစ်လုံးလုံး ခေါင်းပေါ်တည့်တည့်ရောက်ချိန်တွင် ကျောင်းဘောလုံးကွင်းမြက်ခင်းပြင်တွင် ခေါင်းငုံ့နေရသည့် ပထမနှစ်ကျောင်းသားများရှေ့တွင် လက်ပိတ်ရပ်ကြည့်နေခဲ့သော သူတို့ ပထမနှစ်ကျောင်းသူများ အမည်ဝှက်ပေးထားသည့် Monster Prince လေး၏အသံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ ထို Monster Prince ကတော့ သူ့ရှေ့မှ ပထမနှစ်များအားလုံးကို ရှုတည်တည်ကြည့်လိုက်ရင်း…

"အခုဘယ်နှစ်နာရီလဲ!!!!"

သူ့အသံကြောင့်… ပထမနှစ်များထံမှ အသံမတိုးကျယ်ပြန်ထွက်လာခဲ့သည်။

"ဆယ့်နှစ်နာရီ…"

"ဘာ ဆယ့်နှစ်နာရီလဲ!!! ၁၂ နာရီ ၁၈ မိနစ် နဲ့ ၅၇ စက္ကန့် အချိန်ကိုလေးစားရမယ်ဆိုတာ မင်းတို့ကျောင်းတွေမှာ မသင်လာရဘူးလား!!! အချိန်ကိုတောင်လေးစားမှုမရှိရင် မင်းတို့ ကျောင်းမှာ ဘယ်လိုဆက်လုပ်ကြမှာလဲ!!!"

ပထမနှစ်များစိတ်ထဲတွင်အောင့်သက်သက်ဖြစ်နေကြသော်လည်း သူတို့ပြန်မပြောရဲကြ။ Lecture အား အချိန်ပိုယူသွားသည့် Professor တစ်ယောက်ကို သူတို့ဘာပြန်ပြောနိုင်မှာလဲ။

"သတ်မှတ်ထားတဲ့အချိန်အတိုင်းမရောက်လာရင် ဒဏ်ပေးခံရမယ်ဆိုတာ မင်းတို့သိတယ်မဟုတ်လား!!!!"

Monster Prince ၏ စကားအဆုံးတွင် ပထမနှစ်တစ်ခုလုံး ကြက်သီးဖြန်းဖြန်းထသွားမိခဲ့ကြသည်။ ဒီနေပူပူ ဘောလုံးကွင်းထဲတွင် ပြစ်ဒဏ်ပေးခံရလျှင် ဆိုသည့်အတွေးက သူတို့လိပ်ပြာအားမလွင့်သွားရုံတမယ်။

"ဒါပေမဲ့ ဒါဟာ မင်းတို့ရဲ့ပထမဆုံးအမှားဖြစ်လို့ ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်!!"

ထို Monster Prince လေး၏ စကားကြောင့် သူတို့ရင်ထဲမှ အလုံးကြီးကျသွားသလို ခံစားလိုက်ရပြီး သူတို့မျက်နှာလေးများ ဝင်းလက်လာခဲ့ပြန်သည်။ Arthit တစ်ယောက် သူ့ရယ်ချင်စိတ်ကို မနည်းထိန်းထားခဲ့လိုက်ရသည်။ ဒီကလေးတွေဟာ သူ့စကားအခွန်းတိုင်းက သူတို့အား စိုးထိတ်စေသည် သက်သာရာရစေသည်။ သူ ထိုကလေးများ၏ ချစ်ဖို့ကောင်းသော အမူအရာများကြောင့် ပြုံးမိချင်သော်လည်း သူ့စိတ်ကိုသူ ထိန်းချုပ်ထားခဲ့မိသည်။ သူ့ပင်ကိုယ်ဗီဇသည် ခက်ထန်သော သူတစ်ယောက်မဟုတ်သော်လည်း Head Hazer တစ်ဦးဖြစ်လာသည့်အတွက်သာ သူ တင်းကြပ်ခက်ထန်ရခြင်း။ ယခုလို နေပူပူထဲတွင် ကလေးများသည်လည်း နေရခက်မည်ကို သူ နားလည်ပါသည်။ သူသည်လည်း ထိုဘောလုံးကွင်းထဲတွင် သူ့အသံအား သူတို့အကုန်လုံးကြားနိုင်အောင် အော်ပြောနိုင်ရန်အတွက် ပြင်ဆင်ခဲ့ရသည်မဟုတ်ပါလား။ ပထမနှစ်ယောကျာ်းလေးများက သူတို့၏ တတိယနှစ် မကောင်းဆိုးဝါး Big Boss လေးသည် ဘာအကြံဆိုးဖြင့် သူတို့အား နှိပ်စက်မလို့လဲဆိုသည့် အတွေးတို့ဖြင့် Arthit ကိုကြည့်နေခဲ့မိကြသည်။

A Bitter Destiny (fanfic)Unde poveștirile trăiesc. Descoperă acum