Chapter-19 : My answer is...

5.1K 484 56
                                    

Flag Capture Event… ထို Event သည် သူတို့ Hazing Activit ၏ ရလာဒ်များကို စစ်ဆေးသည့် Event တစ်ခု။ သူတို့ Industrial Major တစ်ခုလုံး သူတို့ Engineering Faculty ၏ အဆောက်အဦးရှေ့တွင် စိတ်လှုပ်ရှားစွာ ရပ်နေမိခဲ့ကြပြန်သည်။ ထိုသို့ရပ်နေရခြင်းက သူတို့အား မကြာသေးသည့်ရက်ပိုင်းမှ နှုတ်ဆက်ခဲ့သည်ကို အမှတ်ရစေခဲ့သဖြင့် သူတို့မျက်နှာများထက်တွင် အမှတ်တရတို့အတွက် အပြုံးကိုယ်စီပွင့်လန်းနေခဲ့ကြသည်။ Kongpob အတွက် ယနေ့သည် အခြားသူများထက်ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းနေခဲ့သည်။ သူ ရှာဖွေနေခဲ့သော သူကို ယနေ့ သူမြင်တွေ့ခွင့်ရတော့မည်ဟူသော အသိဖြင့် သူရင်ခုန်နေခဲ့မိသည်။ မကြာလိုက် သူရင်းနှီးနေသော လွမ်းဆွတ်နေရသည့် သူ့ Mate ၏ အနံ့ကို ရလာသည်နှင့် သူ့အကြည့်တို့သည် ထိုအနံ့လာရာသို့… Third Year Hazing Team တစ်ခုလုံးနှင့် အခြားသော Third Year များသည် အေးစက်တင်းမာသော မျက်နှာထားများဖြင့် သူတို့ရှေ့ရပ်လာခဲ့ကြသည်။

"First Years တွေအကုန်လုံး နားထောင်ကြစမ်း!!!"

အလယ်တွင်ရပ်နေသည့် Arthit ၏ အေးစက်ပြတ်သားလွန်းသော အသံက မြက်ခင်းပြင်တွင် ပျံ့နှံ့သွားခဲ့သည်။ မတွေ့ရသော ရက်ပိုင်းအတွင်းတွင် Arthit သည် အခြားသူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်ဟု သူတို့အကုန်လုံးခံစားမိခဲ့ကြသည်။ အထူးသဖြင့် Kongpob… ဘာကြောင့် သူ၏ P Arthit သည် ယခုလောက်ထိ အေးစက်သွားရတာလဲ။ သူတို့ ပထမဦးဆုံးစတွေ့စဉ်က အေးစက်မှုသည် ယခု အေးစက်မှုကဲ့သို့မဟုတ်။ သူ Arthit အား စူးစိုက်ကြည့်နေမိတော့ Arthit ၏ အေးစက်စက်အကြည့်တစ်စုံက သူ့ထံအလည်အပတ်ရောက်လာခဲ့ချိန်တွင် သူ့ ရင်တစ်ခုလုံးလစ်ဟာသွားသလို ခံစားလိုက်မိသဖြင့် Kongpob သူ့လက်သီးသူ ဆုတ်လိုက်မိခဲ့သည်။ Arthit အကြည့်တို့က သူ့ဆီရောက်လာသော်လည်း Arthit သူ့အား မကြည့်ခဲ့ပါ။ မည်သည့်ခံစားချက်မှ ရှိမနေသည့် အကြည့်သက်သက်မို့ သူ အောက်နှုတ်ခမ်းလေးကိုနာကျင်စွာ ဖိကိုက်မိခဲ့သည်။ သူ့ရင်ထဲ ယခု ခံစားရသည့် နာကျင်မှုသည် သူ့ Mate ဖြစ်သည့် Arthit က သူ့အပေါ်ငြင်းပယ်သဖြင့် ခံစားရသည့် နာကျင်မှုလား။ သူ နာကျင်မှုနှင့်အတူ ဝမ်းနည်းသွားခဲ့မိသည်။ သူ ငြင်းပယ်ခဲ့တုန်းက Arthit သည် ထိုထက်ပို၍ နာကျင်ခဲ့သည်လား။

A Bitter Destiny (fanfic)Donde viven las historias. Descúbrelo ahora