Chapter-4 : His reasons!

5.2K 519 55
                                    

"နာမည်နဲ့ Student ID..."

"P... Praepailin, 0744"

ကျောင်း၏ cafeteria ထဲရှိ တတိယနှစ်ကျောင်းသားများ၏ ဝိုင်းရှေ့တွင်ရပ်နေသော ကောင်မလေးတစ်ယောက်သည် ထိုတတိယနှစ်ကျောင်းသားများထဲမှ ကောင်လေးတစ်ယောက်ကို မဝံ့မရဲကြည့်လိုက်မိသည်။ သူမကိုယ်သူမတော့ ဘာကြောင့် ထိုဝိုင်းသို့လာခဲ့လဲ ဟုသာ ကျိန်ဆဲနေခဲ့မိသည်။

"ကောင်းပြီ ငါ မင်းအတွက် ဘာလုပ်ပေးရမလဲ?"

သူ ထိုကောင်မလေးကို ကြည့်ပြီးမေးလိုက်တော့ ထိုကောင်မလေးက လက်ထဲမှ စာအုပ်လေးအား သူ့ထံထိုးပေးရင်း...

"P ရဲ့လက်မှတ်လိုချင်ပါတယ်..."

"Hmm......"

သူ့ဆီပေးလာသော စာအုပ်လေးကို သူ ယူလိုက်ရင်း ထိုကောင်မလေးကိုကြည့်လိုက်မိခဲ့သည်။ ပထမနှစ်တစ်ဦးအနေနှင့်ထိုကောင်မလေးသည် ချစ်စဖွယ်ကောင်မလေးတစ်ဦး။ ပုံမှန်အနေအထားအရဆိုလျှင် သူသည် ထိုကောင်မလေးအား သဘောကျမိမည်ဖြစ်သော်လည်း သူ့စိတ်ထဲတွင် အခြားသူတစ်ယောက် စိုးမိုးနေခဲ့သည်။သူ့မျက်လုံးထောင့်မှ အခြား စီနီယာကျောင်းသားများနှင့် စကားပြောရင်း ရယ်မောနေသည့် သူအား အနှောင့်အယှက်ပေးလွန်းနိုင်သည့် ထို Junior ကျောင်းသား။ 'ဟွန် သူက အခုကျတော့လည်း ရယ်လို့မောလို့ tsk အဲ့ဟာမတွေက ဘာလို့ သူ့ကိုဖက်မတတ်ဖြစ်နေတာလဲ' မျက်မှောင်လေးကြုတ်နေရာမှ သူ့နှုတ်ခမ်းလေး ဆူလာမိခဲ့သည်။

"အ! ဘာလဲ!!!"

သူ့နှုတ်ခမ်းလေးအား ဖြတ်ကနဲရိုက်လိုက်သည့် Toota ကို သူမျက်စောင်းထိုးလာတော့ Toota တစ်ယောက် သူ့တို့စားပွဲဝိုင်းရှေ့တွင်ရပ်နေဆဲရှိသော ကောင်မလေးထံ မျက်စပစ်ပြလိုက်တော့မှ သူ့မျက်နှာလေးရဲသွားမိသွားခဲ့သည်။ Prae တစ်ယောက်မှာတော့ သူမရှေ့တွင် မျက်နှာအမူအရာအမျိုးမျိုးပြောင်းနေသည့် Arthit ကိုသာ နားမလည်စွာကြည့်လိုက်မိသည်။

"ပေး......"

သူ ထိုကောင်မလေးထံမှ စာအုပ်လေးယူပြီး ခပ်သွက်သွက်လက်မှတ်ထိုးပေးလိုက်ပြီး အခြား ဒုတိယနှစ်ကျောင်းသားများနှင့် စကားပြောနေဆဲဖြစ်သည့် Kongpob ဘက်သို့မကျေမနပ်ကြည့်လိုက်မိခဲ့သည်။

A Bitter Destiny (fanfic)Where stories live. Discover now