Final Chapter : Our promise, Our Future, We will fullfill slowly...

9.7K 556 74
                                    

"မင်းတို့က ဘာဖြစ်နေတာလဲ... Hoy Nong Aim..."

"Khap P bright!"

Aim မျက်နှာငယ်လေးဖြင့် သူ့ပခုံးအား ဖက်လိုက်သည့် Bright ဘေးတွင် ရို့ရို့လေးရပ်လိုက်မိခဲ့သည်။ Second Semester မို့ သူတို့ပထမနှစ်များအတွက် အခက်ခဲဆုံးဘာသာဖြစ်သည့် Calculus ကြောင့်ခေါင်းစားနေမိဆဲ။ သူတို့ဆီသို့လျှောက်လာသည့် Hazer အဖွဲ့ကြောင့် သူတို့အကုန်လုံး Hazer များကိုအားကိုးတကြီး ကြည့်လိုက်မိကြသည်။ မေးခွန်းပုံစံလေးများ ရမလားဆိုသည့် မျှော်လင့်ချက်များဖြင့်။

"Hoy...... မင်းတို့... ငါတို့ကို မြင်တာနဲ့ မေးခွန်းဟောင်းကြီးတွေက မင်းတို့ဆီ လွင့်လွင့် လွင့်လွင့်နဲ့ လမ်းလျှောက်လာတယ် ထင်နေလား"

Bright ၏ ကက်ကက်လန်ရန်တွေ့သံကြောင့် သူတို့ပထမနှစ်များနှင့် Hazer တစ်ဖွဲ့လုံး ရယ်လိုက်မိခဲ့ကြသည်။

"Nong Aim......"

"Khap P Bright..."

"မင်း လိုချင်ရင် ငါဂိမ်းအခွေတွေငှားနိုင်တယ်သိလား... အ! Ai Toota ဘာလို့ ငါ့လာရိုက်တာလဲ!"

Bright သူ့ခေါင်းလေးသူ ရှုံ့တွတွပွတ်ရင်း Toota ကို မျက်စောင်းထိုးလိုက်မိသည်။

"Thank you Party မှာ မင်း လက်ဆောင်လိုချင်တာနဲ့ စာမေးပွဲရှိတဲ့ကလေးကို ဖျက်ဆီးနေတာလား!!!"

"အင်း Nong Aim ငါ ချောကလက်နှစ်ဘူးလိုချင်တယ်နော်..."

"ငါ ပြောနေတဲ့ကြားထဲက!"

Toota ၏ ဖြောင်းကနဲရိုက်သံနှင့်အတူ Bright ၏ အော်သံက တစ်ထပ်တည်း။ သူတို့ပထမနှစ်များ ထိုမြင်ကွင်းကြောင့် ရယ်လိုက်မိခဲ့ကြသေးသည်။

"Kong... Arthit က နောက်ကျနေတာ"

"သူ့ကို သွားပြောနေပြန်ပြီ... ဟာ Oii Toota မင်းငါ့ကို ရိုက်တာများနေပြီ!"

Bright သူ့အားအဆက်မပြတ်ရိုက်နေသည့် Toota အားရှောင်တိမ်းရင်းအော်လိုက်တော့ Toota မျက်စောင်းကဒိုင်းကနဲ။

"မင်းကြောင့် ဘယ်နှစ်ရက်လောက် အခန်းထဲက မထွက်နိုင်တာလဲ ဟမ် P Fon တို့ မင်္ဂလာဆောင်ပြီးကတည်းက!!! ဂါးးး တွေးရင်းနဲ့ဒေါသထွက်တယ် ငါ့နားမကပ်ဖို့အကြိမ်ကြိမ် မှာထားသားနဲ့ကို!!"

A Bitter Destiny (fanfic)Wo Geschichten leben. Entdecke jetzt