Chapter-17 : The last day of all hardship!

4.6K 465 49
                                    

ယနေ့သည် သူတို့ First Year များအတွက် ရင်အခုန်ရဆုံးနေ့တစ်နေ့။ သူတို့၏ တစ်လလုံးလုံး ပင်ပန်းဆင်းရဲခဲ့ရမှုများသည် ယနေ့တွင်ပြီးဆုံးတော့မည်။ သူတို့အကုန်လုံး ရင်ခုန်စွာ သူတို့ Faculty အဆောက်အဦးရှေ့ကွက်လပ်မြက်ခင်းစိမ်းတွင်ရပ်နေမိခဲ့ကြသည်။

"Kong…"

သူ့အမည်ခေါ်သံကြောင့် သူကြည့်လိုက်ရင်း ပြုံးပြလိုက်မိသည်။ Wad သည် Sotus System မုန်းတီးသူတစ်ဦးဆိုပေမဲ့ ယခုကျတော့လည်း ရောက်နေပါလား။

"Wad ငါက မင်းမလာဘူးထင်နေတာ…"

"အင်းငါလည်းမလာချင်ဘူး… ဒါပေမဲ့ ဒီနေ့သူတို့ဝေပေးမဲ့ Gear ကိုလိုချင်တယ် အဲ့ဒါကြောင့် Gear က For Show လုပ်လို့ကောင်းတယ်လေ"

Wad ၏ ပွင့်ပွင့်လင်းလင်းအဖြေကြောင့် သူရယ်လိုက်ရမိပြန်သည်။ တစ်လ… ထိုတစ်လဆိုသော အချိန်သည် တကယ်တော့ ကြာမြင့်လှသည်မဟုတ်။ သို့သော် ယခု တစ်လသည် သူ့အတွက်အတော်ပင် ပင်ပန်းခက်ခဲ ခဲ့သောလ။ ထိုလတွင် သူသည် သူ့ဘဝအတွက်အချစ်ရဆုံးသူကို ရှာဖွေတွေ့ရှိခဲ့ရသလို သူ့အတိတ်မှ အဖြစ်ဆိုး၏ အမှန်တရားကိုလည်း တွေ့ရှိခဲ့ပြီး။ သက်ပြင်းများချနေသော သူ့ကိုကြည့်ပြီး Wad မသိမသာ နှာခေါင်းလေးရှုံ့လိုက်မိသည်။

"Kong! မင်းအခုလိုပဲဖြစ်နေရင် မင်းနဖူးက အစင်းသုံးရာထင်လာနိုင်တယ်…"

"အမ်!"

Wad ပြောသည့်စကားကို သူ စဉ်းစားလိုက်ပြီးမှ ရယ်လိုက်မိသည်။ Wad ပြောသည်က အရေးအကြောင်းထင်လာနိုင်သည်ဟု ဆိုလိုခြင်း။

"မင်းမှာ ဘာတွေအဲ့လောက် တွေဝေစရာရှိလို့လဲ…"

"ဆိုပါတော့… Wad တကယ်လို့ မင်းချစ်ရတဲ့သူက… မချစ်သင့်တဲ့လူတစ်ယောက်ဆို မင်းဘယ်လိုလုပ်မလဲ?"

"သူက လူလွတ်မဟုတ်ဘူးလား?"

"ဟမ်း လူလွတ်ပေါ့…"

"အဲ့ဒါဆို ဘာဖြစ်တာမှတ်လို့… ကိုယ်ချစ်ရင်ချစ်တယ်ပေါ့ ဘာတွေများ တွေဝေစရာရှိလဲ… ချစ်ရုံလေးနဲ့ဟိုက ဘာဖြစ်သွားတာမှတ်လို့…"

"အဲ…"

Wad စကားကြောင့် သူ ဘာဆက်ပြောရမှန်း မသိ။

A Bitter Destiny (fanfic)Where stories live. Discover now