Ep-2 🌟 or 🔥

8.4K 352 32
                                    

မုန့်​စား​ကျောင်းပြန်​တက်ဖို့​ခေါင်း​လောင်းထိုး​နေပြီဖြစ်​​သော​ကြောင့်​ ဇင်း​နွေဦး စားလက်​စကြာဇံ​ကြော်​ကိုအပြီးသတ်​ကာ စာသင်​ချိန်​တွင်​ခိုးစား အဲ.. အိပ်​ချင်​​ပြေ​လေးစုပ်​ဖို့ သကြားလုံးများဝယ်​ကာ အချစ်​ရဆုံးသူငယ်​ချင်းလက်​ကိုဆွဲပြီး အတန်းထဲသို့အမြန်​​ပြေးရသည်​....

"အိမ်​စာ​တွေပြီးပြီလားဇင်း"

"ဟင်​! ဘာအိမ်​စာလဲ"

"သမိုင်းအပုဒ်​ရှည်​​တွေ​ရေးခိုင်းထားတယ်​​လေကွာဆရာမက ဒီ​နေ့စစ်​မှာတဲ့တစ်​တန်းချင်းစီ"

"ဘာ....!"

သကြားလုံး​ထုပ်​​လေး​ဖောက်​မလို့ရှိ​သေး အိမ်​စာစစ်​မည်​ဆို​သော​ကြောင့်​ ဆရာမရဲ့လက်​သံကိုပြန်​သတိရလာပြန်​သည်​...ဇင်း​နွေဦးဆို​သောအမည်​နာမ​ရေးထိုးထားသည့်​ သမိုင်း​လေ့ကျင့်​ခန်းစာအုပ်​​လေးကိုထုတ်​ကြည့်​မိ​တော့ ဟိုခြစ်​ဒီခြစ်ထား​သောပဲပင်​​ပေါက်​​လက်​​ရေး​တွေနဲ့ စိတ်​ကူး​ပေါက်​ရာ​ရေးဆွဲထား​သော cindrella တို့ snow whiteတို့ရဲ့ပုံတူများ...

ဆရာမသာမြင်​ရင်​အဂျိန်းခံရမည့်​မိမိအဖြစ်​ကို​တွေးမိ​သော​ကြောင့်​ အနီးအနားရှိ​ကျောင်းသား​တွေဆီက ဗလာစာအုပ်​အသစ်​​လေး​တောင်းပြီး ​ကျောင်းသားတိုင်းဤလိုအ​ခြေအ​နေမျိုးတွင်​လုပ်​​လေ့ရှိကြသည့်​အတိုင်း လိုက်​လုပ်​မည်​ဟုကြံ​သော်​လည်း တစ်​​ယောက်​မှစာအုပ်​အသစ်​မပါကြ...

ဆရာမစာအုပ်​​တွေလိုက်​စစ်​​နေတာ တဖြည်းဖြည်း ဇင်း​နွေဦးတို့အတန်းကို​ရောက်​ခါနီး​နေ​လေပြီ..

မတတ်​နိုင်​ဘူး စွန့်​စားရ​တော့မှာပဲ...ထိုင်​ထအခါ၅၀နဲ့ကြိမ်​လုံးစာမမိဖို့...

"ရွတ်​..ရွတ်​..သူငယ်​ချင်း မင်းကိုစစ်​ပြီးရင်​​လေ မင်းစာအုပ်​​လေးငါ့ကိုခနငှါးပါကွာ​နော်​ ဆရာမဟိုဘက်​အတန်းကိုအာရုံ​ရောက်​​နေတုန်း​လေး "

ရှေ့တန်းကစာကြမ်းပိုးရဲ့ခါးကိုမသိမသာတို့ပြီး အကူအညီလှမ်း​တောင်း​တော့ မျက်​နှာမကြည်​မသာနဲ့လှည့်​ကြည့်​ပြီး​ခေါင်းညိတ်​ပြတယ်​........အ​ရေး​ပေါ်အချိန်​ဖြစ်​​နေလို့သာ သွားဖြီးပြလိုက်​ရတာ အ့စာကြမ်းပိုး​တွေ ​သောက်​မြင့်​ကိုကပ်​တယ်​ အချိုးမ​ပြေကြဘူး ဟို​ကျောင်းသားသစ်​လည်းအတူတူပဲ...

He=My Life (Completed) Where stories live. Discover now