❤ep-11🔥

2.8K 153 27
                                    

နေ့လည်​မုန့်​စားဆင်းချိန်​...

မ​နေ့ကအဖြစ်​အပျက်​ကိုလွန်းထင်​​သေချာပြန်​စဉ်းစားကြည့်​​နေသည်​။

ဖြစ်​​စေချင်​တာက ဟိုဝက်​​ပေါက်​ကိုအိမ့်​ယွန်း​မေပြသာနာသွားရှာ​​စေချင်​တာ
တကယ့်​တကယ်​ဖြစ်​လာတာက အ့ဖွန်​​ကြောင်​မ ချဉ်​​ပေါင်ရိုးတုတ်​ထိုးမ ငါးကျဉ်း​ခြောက်​မက မိန်းမအိ​နြေ္ဒ​လေးမှမငဲ့ ဝက်​​ပေါက်​ကိုမျက်​လုံးပြုတ်​ထွက်​မတတ်ကြည့်​​နေ​လေခြင်း...

တမင်​ရန်​တိုက်​​ပေး​သော်​ငြားလည်း ထိုပုံစံကိုမြင်​​တွေ့လိုက်​ရ​တော့ရင်​ထဲတဆစ်​ဆစ်​ကိုက်​ခဲလာမှုနှင့်​အတူ ကိုယ်​ကိုယ်​တိုင်​​တောင်​မသိလိုက်​ခင်​မှာပင်​​ဒေါသထွက်လာပြီး ဝက်​​ပေါက်ကိုရင်​ခွင်​ထဲဆွဲသွင်းမိသားဖြစ်​သွားသည်​။

စိတ်​အလိုမကျစွာဆံပင်​ကိုဆွဲဖွ​နေရင်း...

ငါ့စိတ်​​တွေဘယ်​လိုဖြစ်​​နေတာလဲ....

~~~~~~~~~~~He=My Life~~~~~~~~~~~

[A.N- : :အ့အစက်​​လေး​တွေကို​ ဇာတ်​​ကောင်​​တွေရဲ့အ​တွေး​တွေကို​ဖော်​ပြတဲ့အ​နေနဲ့အသုံးပြုထားပါတယ်​]

: hmm..ဒီပီ​ကေကဘယ်​သူ့ဟာပါလိမ့်​ ကာကာ့ဟာလားမသိဘူး:

မုန့်​​ဈေးတန်းထဲတွင်​အပီအပြင်​ဆွဲခဲ့ပြီး​နောက်​ အခန်းထဲပြန်​ဝင်​လာ​တော့ ဇင်းရဲ့​နေရာကစားပွဲခုံ​ပေါ်မှာပူရှိန်းပီ​ကေ​လေးတစ်​ခု

ဘေးမှာထိုင်​​နေတဲ့ကာကာ့ကို​မေးကြည့်​​တော့ဘူးခံငြင်းသည်​။ အပျင်း​ပြေပီ​ကေဝါးမလို့ကဒ်​ကိုဆွဲထုတ်​လိုက်​​တော့စာရွက်​အပိုင်း​​သေး​သေး​လေးထွက်​ကျလာသည်​။

ကြမ်းပြင်​​ပေါ်​မှောက်​လျက်​ကျ​နေတဲ့စာရွက်​ပိုင်းကို​ကောက်​ယူကာဖတ်​လိုက်​​တော့..

"I Love You zinn nway oo
Please give me answer"

ထိုနှစ်​​ကြောင်းသာ​ရေးထားပြီးစာ​ရေးသူနာမည်​မပါ​ပေ။ ​ခေါင်း​လေးကုတ်​ကာဟိုဟိုဒီဒီလိုက်​ကြည့်​လိုက်​​တော့ တတိယတန်းမှာထိုင်​​နေတဲ့လွန်းထင်​ကပြုံးပြ​ကာ လက်​​ချောင်း​လေး​တွေ​ကွေးပြီးheart shapeပုံသဏ္ဍန်​လုပ်​ပြ​နေ​သေးသည်​။

He=My Life (Completed) Where stories live. Discover now