Ep-18

2.1K 148 50
                                    

"အန်​တီ ဥက္ကဌခွင့်​ပြုချက်​မရဘဲဝင်​လို့မရပါဘူး "

တားမြစ်​သံ​တွေကြားအခန်းတံခါးအားအတင်းတွန်းဖွင့်​ကာဝင်​လာ​သောအမျိုးသမီးတစ်​​ယောက်​။

ကုန်​ကြမ်းစာရွက်​ကိုအံဆွဲထဲထည့်​သိမ်းကာ စက်​တီခုံတစ်​​ခုံ​ပေါ်တွင်​မာန်​ခပ်​​ပေါ့​ပေါ့ဝင်​ထိုင်​လိုက်​သည်​။

လုံခြုံ​ရေး​တွေ အတွင်း​ရေးမှူး​တွေကိုထွက်​သွားရန့လက်​ကာပြလိုက်​ပြီး ထိုအမျိုးသမီးထိုင်​ဖို့စက်​တီခုံတစ်​ခုကိုလက်​ညိုးထိုးပြလိုက်​သည်​။

"ဘာကိစ္စလဲ "

စိတ်​မဝင်​စားသလို​မေးလိုက်​​တော့ ​ရှေ့တွင်​ထိုင်​​နေသည့်​ခပ်​​ဟော့​ဟော့အမျိုးသမီးကလက်​ခုပ်​တီးကာအားပါးတရ​အော်​ရယ်​သည်​။

"မင်းကတကယ်​​မအေတူသားပဲ တစ်​ဖက်​သားကိုအထင်​​သေးတဲ့အကြည့်​​တွေနဲ့နှိမ့်​ချတတ်​ပြီး တစ်​​လောကလုံးကပဲထိုင်​ရှိခိုးရ​တော့မယ့်​ဆိုဒ်​နဲ့"

"ခင်​ဗျားရဲ့ရွံစရာ​ကောင်းတဲ့ပါးစပ်​က​နေကျွန်​​တော့်​အ​မေအ​ကြောင်း​ပြောစရာမလိုဘူး လာရင်းကိစ္စပဲ​ပြော အာ....​မလိုဘူးပဲ ​​ပြောကြည့်​ အ​မွေလိုချင်​လို့ဟုတ်​ ? ဟက်​...ဥက္ကာလွန်းထင်ဆိုတဲ့​ကောင်​ကတကယ်​ဟန်​​ဆောင်​​ကောင်းတာ အ​ဖေ့​​ရှေ့မှာမျက်​ရည်​​လေးတစမ်းစမ်းနဲ့ ​နောက်​ကွယ်​မှာအ​မွေ​တွေလိုချင်​​နေတာမလား"

မာန်​ဝံ့ထည်​ရဲ့စကားအဆုံးထိုအမျိုးသမီးမျက်​နှာတွင်​ခပ်​​ရေး​ရေးအပြုံးတစ်​ခုထင်​ဟပ်​သွားသည်​။

တကယ်​​တော့ထိုကိစ္စကိုဥက္ကာလွန်းထင်​လာ​ပြောပြခြင်းမဟုတ်​။ မိမိဘာသာစုံစမ်းရင်းအဘိုးကြီးဆုံးသွား​ကြောင်းသိခဲ့ရခြင်းဖြစ်​သည်​။

သို့​သော်​ မာန်​ဝံ့ထည်​နဲ့ဥက္ကာလွန်းထင်​ကြားပိုမိုအမုန်းပွားလာ​စေ​ရေး လုပ်​ကြံဖန်​တီး​ပြောမည်​စဉ်းစားထား​သော်​လည်း လေကုန်​ခံပြီး​ပြောစရာ​တောင်​မလို မနူးမနပ်​​ကောင်​​လေးက​ကြိုထင်​နှင့်​ပြီးသား...

He=My Life (Completed) Wo Geschichten leben. Entdecke jetzt