မင်းရှိ​နေရင်​ရပြီ (Extra-1)

5.7K 159 77
                                    

စာဖတ်​သူအင်​နိုးစန့်​အ​ပေါင်းတို့အတွက်​စပရိုက်​အ​အေး​လေးဝယ်​ထားပါတယ်​XD:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အဟမ်း ထ​တော့ မနက်​စာပြင်​ပြီးပြီ "

အခန်းထဲကလိုက်​ကာ​တွေကိုဆွဲဖွင့်​​နေရင်း မနက်​၉နာရီအထိ ကုတင်​​ပေါ်မှာအ​သေ​ကောင်​လိုအိပ်​​မောကျ​နေတဲ့ ချစ်​ရသူကို လှမ်းကြည့်​ရင်း​ပြောလိုက်​သည်​။

မျက်​လုံးအိမ်​ထဲကိုစူးရှစွာဝင်​လာတဲ့အလင်း​ရောင်​​ကြောင့်​ မာန်​မျက်​ခုံးတစ်​ချက်​ကျုံ့လိုက်​ပြီး တစ်​ခန​နေမှ ဖြည်းဖြည်းချင်းမျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့ ​ယောက်​မတစ်​လက်​ကိုင်​ပြီး ခါးထက်​တွင်​apronစည်းထား​သော လင်းထက်​အာကာအား​တွေ့လိုက်​ရသည့်​အခါ သူ၏အိပ်​ချင်​မူးတူးမျက်​နှာထက်​တွင်​ဖြစ်​​ပေါ်လာ​သော သဘာဝ​ဆန်​သည့်​အပြုံးတစ်​ခု။

တစ်​လကြာပြီးသည့်​​နောက်​တွင်​ ဆရာဝန်​​တွေရဲ့ခွင့်​ပြုချက်​ဖြင့်​ မာန်​​ဆေးရုံမှတရားဝင်​ဆင်းခွင့်​ရရှိခဲ့သည်​။ မည်​မျှပင်​စိတ်​ချလို့ရပြီဖြစ်​သည့်​အ​ခြေအ​နေဆို​သော်​လည်း အကဲပို​သောသူတစ်​​ယောက်​ကမူ လူမသိသူမသိထွက်​သွားမည့်​အစီအစဉ်​အားရုတ်​သိမ်း၍ တစ်​စုံတစ်​​ယောက်​ရဲ့အိမ်​​ပေါ်သို့အထုပ်​​တွေဆွဲတင်​ကာ ​တောက်​တဲ့ကဲ့သို့ကုပ်​တွယ်​​နေ​တော့၏။ အထူးသဖြင့်​ သူ့အားဘယ်​​သောအခါမှနှင်​ချမည်​မဟုတ်​​ရုံသာမက ပြုံးပြုံးကြီးစီးကြိုမည်ဖြစ်ေ​​​သာ တစ်​စုံတစ်​​ယောက်​ဆိုပိုမှန်​မည်​ဖြစ်​သည်​။

"ကာကာ ဒီနားလာပါအုံး "

"ဒီနား​တွေဟိုနား​တွေလုပ်​မ​နေနဲ့​တော့ ​နေကမင်းဖင်​ထဲဝင်​​တော့မယ်​ နာရီလဲကြည့်​အုံး မနက်​စာစားချိန်​​တောင်​​ကျော်​​နေပြီ တကယ်​ပါပဲ မင်းအစာအိမ်​​ရောဂါဖြစ်​လို့ ဗိုက်​အ​သေ​အောင့်​တဲ့အချိန်​ကျ​သေမ​တတ်​​အော်​​နေရင်​ ငါကဘယ်​လိုစိတ်​မျိုးနဲ့မင်း​နာနေတာကြည့်​ရက်​နိုင်​မှာလဲ "

ပါးစပ်​ကပွစိပွစိ​ပြော​နေ​သော်​လည်း လူကကုတင်​​ဘေးနား​ရောက်​​နေပြီဖြစ်​သည်​။ မာန်​ကကာကာ့လက်​ထဲက​ယောက်​မကိုဆွဲယူလိုက်​ကာ ​ဘေးကစားပွဲခုံပု​လေး​ပေါ်တင်​လိုက်​သည်​။

He=My Life (Completed) Where stories live. Discover now