ep-16

2.2K 137 41
                                    

အတန်းချိန်​ပြီးသွား​တော့ည​နေပင်​​စောင်း​နေ​လေပြီ။ တစ်​​ယောက်​​သောသူနဲ့ချိန်းဆိုမှုကိုလုပ်​ထား​သေးသည့်​အတွက်​ တစ်​စက္ကန့်​မျှတုံ့ဆိုင်းမ​နေဘဲလျင်​မြန်​စွာထွက်​လာခဲ့သည်​။

:စံရိပ်​ငြိမ်​ကmarry brownကိုလာခဲ့:

ဇင်းအားတစ်​စွန်းတစ်​စ​လေး​တောင်​မတိုင်​ပင်​ သူကိုယ်​တိုင်​သတ်​မှတ်​ထား​သော​နေရာထံသွား​နေရင်းအထီးကျန်​မှုကိုပါခံစား​နေရသလိုလို..

လွန်​ခဲ့​သောငါးနှစ်​အတွင်းဇင်းနဲ့လွန်းထင်​ရဲ့အချစ်​​ရေးသည်​ သာယာ​ဖြောင့်​ဖြူးခဲ့ပါသလားဟု တစ်​​​ယောက်​​ယောက်​က​မေးလာခဲ့သည်​ရှိ​သော်​ အ​ဖြေက အင်း​ပြောရမလို ဟင့်​အင်းပဲ​ပြောရမလို တကယ့်​ကိုကိုးရို့ကားယားနိုင်​လှသည်​။

အချိန်​ကြာလာ၍ချစ်​သူနှစ်​ဦးကြားတွင်​ဖြစ်​​ပေါ်လာ​သောသာမန်​ငြီး​ငွေ့မှုမျိုး ဇင်းတို့နှစ်​​ယောက်​ကြားတွင်​ဝင်​​ရောက်​​နှောင့်​ယှက်​​နေပါသည်​လားဟူ၍လည်းမဟုတ်​။

အထူးတလည်​သတိထားမိသည်​က လွန်းထင်​သည်​မာန်​ဝံ့ထည်​​ရှေ့​ရောက်​လျှင်​လူအမြင်​ကတ်​ချင်​စရာ​ကောင်း​လောက်​​အောင်​ဂရုစိုက်​ပြတတ်​ပြီး ကျန်​သည့်​အချိန်​များတွင်​မူဇင်းကိုရှိသည်​လို့​တောင်​မထင်​။

သူတို့နှစ်​​ယောက်​ကြားဘာ​တွေရှိခဲ့သလဲမသိ​ပေမဲ့ မာန်​ဝံ့ထည်​ကို၁၀တန်း​အောင်​လက်​မှတ်​ထုတ်​သည့်​​နေ့ကစပြီး​ခြေရာလက်​ရာပင်​မ​တွေ့​ရတော့​ပေ။

အခုငါးနှစ်​အ​တောအတွင်းမှာ  လွန်းထင်​နှစ်​ပတ်​ရိုက်​​နေတာ​တွေဇင်းအကုန်​သိသည်​။ ​ကောင်​မ​လေး​တွေနဲ့တစ်​​ယောက်​ပြီးတစ်​​ယောက်​တွဲ ထို့ထက်​ပိုထူး​ဆန်းအံ့သြဖွယ်​​ကောင်းသည်​က ဇင်းနဲ့လွန်းထင်​ရဲ့ပတ်​သက်​မှုကိုရိပ်​မိသွားကြသည့်​​ကောင်​မ​လေးအချို့ကဇင်းထံပြသာနာလာရှာကြခြင်း။

အသက်​ထက်​ကိုပိုချစ်​ရသူ​ပေမို့ ဘယ်​လိုပြသာနာ ဘယ်​လိုအခက်​အခဲ​တွေပဲကြုံရကြုံရ မသိချင်​​ယောင်​​ဆောင်​ကာ အားလုံးကို​ရေငုံနှုတ်​ပိတ်​​ပေးထားသည်​။ အဓိကကချစ်​ရ​သောသူ​ပျော်​ရွှင်​ဖို့ပဲဖြစ်​သည်​။

He=My Life (Completed) Where stories live. Discover now