Ep-20

2.2K 137 23
                                    

Classical musicတစ်ပုဒ်အားငြိ​​မ့်​​ညောင်းစွာပျံ့လွင့်​​ခွင့်​​ပေးထား​သောcafeအ​သေးစား​လေး။

စနစ်​တကျထွင်းထုထား​သောသစ်​သားစားပွဲခုံပု​လေး​တွေနှင့်​လက်​ရာ​မြောက်​လှ​သောသစ်​သားထိုင်​ခုံအပု​လေးတို့နှင့်​အတူ ပုလဲ​ရောင်​နံရံထက်​ရှိနာမည်​ကြီးပန်းချီဆရာတို့၏အဖိုးမဖြတ်​နိုင်​​သောလက်​ရာ​မြောက်​ပန်းချီကားများ။

သာမန်​အားဖြင့်​မီးသီးလုံးအ​သေးစား​လေးများကိုသာအရိုးရှင်းဆုံးအသုံးပြုထား​သော်​လည်း ဆိုင်​၏အ​ရောင်​အဝါအား​ချေဖျက်​နိုင်​ခြင်းမရှိဘဲပို၍ သာ၍ပင်​ပနံသင့်​​နေ​သေးသည်​။

ထိုအထဲမှာမှအ​မှောင်​အကျဆုံး​နေရာတွင်​​ကျောက်​ရုပ်​ကဲ့သို့မတုန်​မလှုပ်​ရှိ​နေ​သော​ကောင်​က​လေးနှစ်​​ယောက်​။

ယခုချိန်​ထိတိုင်​တစ်​စက်​က​လေးမျှမတို့မထိရ​သေး​သော​အေးစက်​စက်​​ကော်​ဖီခွက်​နှစ်​ခွက်​မှာသူတို့​ရှေ့တွင်​​နေရာယူထားသည်​။

တငြိမ့်​ငြိမ့်​ပျံ့လွင့်​လာ​သော​တေးသံသာကိုမြင်​လွှာတို့အားအသာအယာမှိတ်​ကာနားဆင်​ခွင့်​ပြု​နေစဉ်​ ​​​အေးစက်​စက်​စကားတစ်​ခွန်း​ကိုကြားပြီးသကာလ သူ၏မြင်​လွှာအစုံတို့သည်​​ဖြေးညင်းစွာပွင့်​ဟလာသည်​။

ထို့​နောက်​ အသက်​မပါ​သောအပြုံးတစ်​ခု...

:ထပ်​​ပြောပြန်​ပြီ ငါတို့လမ်းခွဲကြရ​အောင်​တဲ့:

မည်​သို့ပင်​ဆရာဟူ​သောဂုဏ်​ပုဒ်​တစ်​ခုကို​စောင့်​ထိန်း​နေရပါ​စေကာမူ​ တစ်​ခါတစ်​ရံစိတ်​လွတ်​ကိုယ်လွတ်​ဖြင့်​ဝုန်းဒိုင်းကြဲကာ ထိုသူ၏ရင်​ခွင်အကျယ်​​ကိုထုရိုက်​​သောင်းကျန်းမိချင်​သည်​။

"မင်း..မပျင်း​သေးဘူးလား "

ခနဲ့သလို​ပြောလိုက်တဲ့စကားအဆုံး ​ဖန်​ခွက်​လက်​ကိုင်​ဆီလှမ်းမည်​ပြင်​​နေ​သောလွန်းထင်​ရဲ့လက်​အစုံတို့ရပ်​တန့်​သွားရသည်​။

တစ်​ချိန်​ကသူမှသူဖြစ်​ခဲ့​သော​ကောင်​​လေးမှဟုတ်​ပါ​လေစ ​ရှေ့တည့်​တည့်​ကို​မော့ကြည့်​လိုက်​​တော့ကြိုဆို​နေ​သောအပြုံးမျက်​နှာ...

He=My Life (Completed) Where stories live. Discover now