Ep-22

2.2K 108 46
                                    

ငါမင်းကိုချစ်​မိတာအမှားတစ်​ခုဆိုရင်​..
       အဲ့ဒီအမှားကိုပြင်​ဖို့လုံးဝစိတ်​ကူးမရှိဘူး..

[လင်းထက်​အာကာ]

~~~~~~~~~~~He=My Life~~~~~~~~~~~

မာန်​ထွက်​သွားပြီး​နောက်​ ​​တွေ့ရာtaxiကိုအမြန်​တားလိုက်​ကာမာန့်​ကား​နောက်​မှ​နောက်​​ယောင်​ခံလိုက်​ခဲ့သည်​။

လူ​ခြေတိတ်​​သောတိုက်​အိုကြီးတစ်​ခု​ရှေ့တွင်​မာန့်​ကားရပ်​လိုက်​​သောအခါ taxi driverဦး​လေးကြီးကိုခပ်​လှမ်းလှမ်းတွင်​ရပ်​ခိုင်းလိုက်​၍ ကျသင့်​​ငွေ​ပေးပြီး​နောက်​  တိုက်​ကြီးအတွင်းထဲဝင်​သွား​သောမာန့်​​နောက်​မှကုပ်​​ချောင်းကုပ်​​ချောင်းပုံစံဖြင့်​လိုက်​သည်​။

အတွင်းထဲသို့ဂရုတစိုက်ဝင်​​​​လာရင်း မီး​သီးလုံးအဝါအ​သေး​လေးတစ်​လုံး​အောက်​တွင်​  ဂိုဏ်းချုပ်​​ခေါင်း​ဆောင်​ဟုထင်​ရ​သောလူတစ်​​ယောက်​ဖြင့်​စကား​ပြော​နေ​သောအစ်​ကိုကို​တွေ့လိုက်​ရ​သောအခါ ​တွေ့ရာတိုင်​ကီ​နောက်​ဝင်​ပုန်းလိုက်​​သော်​ မာန့်​မျက်​နှာ​ဘေးတစ်​ခြမ်းမြင်​ကွင်းသည်​သူမမြင်​လွှာထဲတည့်​တည့်​ဝင်​လာရပါသည်​တည့်​။

ယောင်္ကျားပီသမှုကို​ဖော်​ပြ​သည့်​​ဖြောင့်​တန်း​နေ​သောမျက်​ခုံးတစ်​စုံ တစ်​ခါတစ်​ခါ​ပေါ်လာတတ်​​သောခပ်​မဲ့မဲ့အပြုံးသည်​ကလည်းဆွဲ​​ဆောင်​မှုတစ်​ခု ​နောက်​​ကျောပြင်​​လေးကြည့်​ရင်​​တောင်​ဆွဲ​ဆောင်​မှုအ​ပေါင်းသရဖူ​ဆောင်း​နေ​သောအစ်​ကိုသည်​ ဘာလို့များ​မျိုးနွယ်​တူ​ယောင်္ကျား​လေးတစ်​​ယောက်​ကိုချစ်​ခင်​စုံမက်​မိပါသည်​လဲသူမတကယ်​ကိုပင်​နားမလည်​နိုင်​​တော့။

သေချာတာက​တော့ ယခုအချိန်​​မေ​မေသာ​လောကကြီးထဲမှာရှိ​နေ​သေးရင်​ကိုကို့လုပ်​ရပ်​ကိုတားကိုတား​ပေလိမ့်​မည်​။

သို့​ပေမဲ့ ယခုတွင်​ကား​မေ​မေသည်​​လောကကြီးထဲမှာမရှိ​တော့သည့်​အတွက်​သူမတစ်​​ယောက်​သာလျှင်​မဖြစ်​သင့်​တာမဖြစ်​ရ​အောင်​ဘီလူးဆိုင်းတီးပြီးတားရ​ပေ​တော့မည်​။

He=My Life (Completed) Where stories live. Discover now