မနေ့ကစနေနေ့ဖြစ်ပေမဲ့ ဥပုပ်ရက်နှင့်ထပ်နေသောကြောင့် ကျောင်းတက်လိုက်ရသည်။ ခါတိုင်းဥပုပ်ရက်အစားကျောင်းတက်ရလျှင် သေမလိုပျင်းနေသောကျွန်တော်သည် တစ်ဦးတည်းသောသူကြောင့် ကျောင်းမှန်ခဲ့သလို ကျောင်းတက်ရတာလည်းပျော်လာသည်။ အခုလည်းအိပ်ယာနိုးနိုးချင်း ဒီနေ့တနင်္ဂနွေဆိုတဲ့အသိစိတ်ကချက်ချငိးဝင်လာပြီး သူနဲ့မတွေ့ရတော့ဘူးဆိုကာ ဘာမှလုပ်ချင်စိတ်မရှိသောကြောင့် အိပ်ယာပေါ်တွင် ဟိုလိမ့်ဒီလိမ့်နှင့် အချိန်အတော်အတန်ကြာအောင်မျက်နှာကြက်ပန်းနုရောင်ကိုစူးစိုက်ကြည့်နေမိသည်။
"သားလေးရေ မေ့ပူတူတူးလေး ကျူရှင်ရှိတယ်မလားထတော့လေ "
အခန်းအပြင်ဘက်ကမေမေ့အသံကြားသည်နှင့် ငေါက်ခနဲထထိုင်ကာ အခန်းတံခါးကိုအပြေးအလွှားသွားဖွင့်လိုက်ပြီး မေးခွန်းတစ်ခုကိုအလျင်စလိုမေးလိုက်သည်။
"ဒီနေ့ကျူရှင်ရှိတယ်ဟုတ်လား မေမေ"
"ကြည့် မေမေ့သားလေးကတော့မေ့နေပြန်ပါပြီ ဟိုတစ်နေ့ကပဲသားပြောနေတာလေ တနင်္ဂနွေကျူရှင်ရှိတယ်ဆိုပြီး "
"ဟီး ဟုတ်သားပဲ သားအခုတလောအတွေးတွေအရမ်းများနေလို့မေ့သွားတာမေမေရ "
"အမလေး ဒီအရွယ်လေးနဲ့စကားကြီးစကားကျယ်ကလည်းပြောတတ်ပါ့ သွားသွား အခုတောင်၈နာရီထိုးနေပြီ ၁၁နာရီကျဆရာမလာတော့မှာ ရေမိုးချိုး မနက်စာစားပြီးစာပြန်လုပ်အုံး "
"Oki မေမေ"
ခါတိုင်းကျူရှင်ရှိတယ်ဆိုလျှင် အတင်းဆွဲချတာတောင်ကုတင်ပေါ်အတင်းတွယ်ကပ်နေသောသားလေးသည် ယခုမူတဘက်စောင်တစ်ထည်ကိုစွက်ကနဲကောက်ယူပြီး သီချင်းလေးတညည်းညည်းဖြင့်အောက်ထပ်သို့မြူးတူးစွာဆင်းသွားသည်ကို ဒေါ်နွေငုဝါအစအဆုံးလိုက်ကြည့်ပြီး အတွေးတစ်ခုဝင်လာသည်။
![](https://img.wattpad.com/cover/145656636-288-k347442.jpg)
BẠN ĐANG ĐỌC
He=My Life (Completed)
Teen FictionMyanmar BL👬..... လူသားနှစ်ယောက်ကြားကဖြူစင်သောချစ်ခြင်းမေတ္တာ...