Ending

6.2K 133 66
                                    

ဝရုန်းသုန်းကားအသံတို့​ကြောင့်​အ​နောက်​ကိုလှည့်​ကြည့်​လိုက်​​တော့ လက်​နက်​အသွယ်​သွယ်​ကိုင်​​ဆောင်​ထား​သောလူအုပ်​စုသည်​ ​ခေါင်းငိုက်​စိုက်​ကျ​နေ​သောလူနှစ်​​ယောက်​ကိုပုခုံး​ပေါ်တွင်​ထမ်းကာအတွင်းသို့ဝင်​လာကြကာ အသင့်​ပြင်​ထား​သောထိုင်​ခုံ​ပေါ်သို့ပစ်​ချလိုက်​ပြီး ထိုင်​လျက်အေ​နအထားအတိုင်းပင်​လက်​တို့​ခြေ​ထောက်​တို့အား ကြိုးဖြင့်​ချည်​​နှောင်​​နေသည်​ကို​တွေ့လိုက်​ရ​တော့သည်​။

*Tsk အပြင်​မထွက်​ပါနဲ့လို့အတန်​တန်​မှာထားရဲ့သားနဲ့ကွာ.

အစကသူ​သေကိုယ်​​သေတိုက်​ခိုက်​ကာအကုန်​လုံးကိုအဆုံးသတ်​မည်​ဟုကြံရွယ်​ထား​သော်​လည်း လက်​ရှိအ​ခြေအ​နေအရ စိတ်​ထင်​တိုင်း​လျှောက်​လုပ်​၍မဖြစ်​နိုင်​​တော့။

Planအသစ်​ကိုစဉ်းစား​နေတုန်း ​ခေါင်းေ​​ဆာင်ထံမှမ​ထင်​မှတ်​ထား​သောစကားတို့​ကြောင့်​သူ၏မျက်​ဝန်းတို့ဝိုင်းစက်​သွားရသည်​။

"ဦးမထင်​ထားခဲ့ဘူး ကိုယ်​တိုင်​​ကျွေး​မွေးပြုစု​စောင့်​​ရှောက်​ခဲ့တဲ့က​လေးက​ ​ယောင်္ကျားတစ်​​ယောက်​ကိုချစ်​မိတာနဲ့ပဲ ​ကျေးဇူးရှင်​ကိုပြန်​ပစ်​မှားလိမ့်​မယ်​လို့ ။ ပြီး​တော့ အဲ့ဒီလူကလည်း မင်းရဲ့သူငယ်​ချင်းမာန်​ဝံ့ထည်​မလား "

"ဦး ဘယ်​လိုသိ..."

သူ၏စကားပင်​မဆုံးလိုက်​။ အ​နောက်​မှထွက်​လာ​သော အာ​မေဋိတ်​အသံနှင့်​အတူနှလုံးခုန်​သံတို့သည်​လည်းဝုန်းဒိုင်းကြဲသွားရသည်​။

သူမဟုတ်​ပါ​စေနဲ့ဟုဆု​တောင်း​နေ​သော်​ငြား အ​နောက်​သို့လှည့်​အကြည့်​ ဝိုင်းစက်​​နေ​သောမျက်​ဝန်းအိမ်ပိုင်​ရှင်​ကို​တွေ့လိုက်​ရ​ချိန်​တွင်​ ​ခေါင်းမီး​တောက်​သွားရ​ချေ​တော့သည်​။

မဟုတ်​​သေးဘူး​လေ ဟိုနှစ်​​ယောက်​ကို​တောင်​ဘယ်​လိုကယ်​ရမလဲမသိ​သေးတာ မင်းကပါဘာလို့....

တကယ်​ပင်​...ဤအ​ခြေအ​နေတွင်​ကား သူသာပြန်​​ပေးဆွဲခံရသူဖြစ်​လိုက်​ချင်​​တော့သည်​။

He=My Life (Completed) Where stories live. Discover now