ep14

2.3K 149 44
                                    

လူတစ်​​ယောက်​ဆီက​နေတုံ့ပြန်​လာမဲ့ချစ်​ခြင်း​မေတ္တာကို​မျှော်​လင့်​​နေမယ့်​အစား~~
ကိုယ့်​ဘက်​ကပဲအဆုံးမရှိနိုင်​တဲ့အချစ်​​တွေကိုမျှ​ဝေ​ပေး​နေလိုက်​ပါ~~
တစ်​​နေ့​နေ့​တော့ တန်​ပြန်​သက်​​ရောက်​မှုဆိုတာရှိ​ကောင်းရှိနိုင်​လာပါလိမ့်​မယ်​~~
  
                                                 [ဇင်း​နွေဦး]

~~~~~~~~~~~~He=My Life~~~~~~~~~~

"မင်းဘာခိုင်းခိုင်း ဘယ်​လိုပဲအနိုင်​ယူယူ မြူမှုန်​တစ်​မျှင်​​လေး​လောက်​​တောင်​မငြိုငြင်​ခဲ့တဲ့ငါ့ရင်​ထဲမှာ မင်းအတွက်​​နေရာမရှိ​တော့ဘူးဆိုတာဖြစ်​နိုင်​မယ်​ထင်​လား "

"အဲ့ဒါဆိုအခုကိုယ့်​ဆီပြန်​လာလို့ရပြီ​လေ ကိုယ်​တို့နှစ်​​ယောက်​အရင်​လိုပြန်​​နေခွင့်​​တောင်း​နေတာ​လေ "

အမှိုက်​စ​လေးတစ်​စ​လောက်​​တောင်​အ​လေးမထားဘဲပစ်​ထားချင်​သလိုထားခဲ့ပြီးမှ အရင်​လိုပြန်​​နေခွင့်​တဲ့လားထင်​ရယ်​....နည်းနည်း​တော့ရက်​စက်​တယ်​မထင်​ဘူးလား..

"မင်း..မ​ကောင်းတဲ့အ​ကောင်​..မင်းအမိန့်​ဆိုမလွန်​ဆန်​နိုင်​မှန်းသိသားနဲ့ ​ပြော..ငါ့ကို​ပြော မင်းအခုဘာဖြစ်​​ချင်​​နေတာလဲတစ်​ချက်​လှည့်​မကြည့်​ဘဲထားသွားခဲ့တုန်းက ငါ​သေ​လောက်​​အောင်​ခံစားခဲ့ရတယ်​ဆိုတာသိလား အခုမှဘာထဖြစ်​​နေတာလဲ.ဟမ်​ ငါရူး​တော့မယ်​သိလား မင်း​ကြောင့်​ငါရူး​တော့မယ်​လို့ "

ခြံတခါးဝက​နေဥက္ကာလွန်းထင်​ဆီပြန်​​ပြေးသွားပြီး မျက်​ရည်​မိုး​တွေဒလ​ဟောရွာချရင်းလွန်းထင်​ရဲ့ရင်​ဘတ်​ကိုလည်းလက်​သီးဆုပ်​​သေး​သေး​လေး​တွေနဲ့ထုရိုက်​​နေသည်​။ အနည်းငယ်​နာကျင်​​သော်​လည်းပြန်​ရန်​မပြုဘဲတငိုငိုတရီရီလုပ်​​နေ​သောဇင်းကို ရင်​ခွင်​ထဲဆွဲသွင်းလိုက်​သည်။

"ကိုယ်​မင်းကိုအရမ်းချစ်​တာသိသားနဲ့ မဆိုးနဲ့ဝက်​​ပေါက်​ရာ ကိုယ့်​ဆီပြန်​လာ​ပေးမယ်​မလားဟင်​ "

အ​ဖြေပြန်​မလာ​သော်​လည်း ရင်ခွင်​ထဲမှ​ကောင်​​လေးက​ဖြည်းညင်းစွာ​ခေါင်းညိတ်​ပြလာ​သော​ကြောင့်​ လူအတုံးအရုန်း​သေတဲ့စစ်​ပွဲမှအသက်​ရှင်​လျက်​ပြန်​လာနိုင်​တဲ့စစ်​သူကြီးတစ်​​ယောက်​ရဲ့အ​ပျော်​လိုမျိုးထခုန်​မိမတတ်​ခံစားလိုက်​ရသည်​။

He=My Life (Completed) Where stories live. Discover now