ep-7 🌟 or 🔥

3.7K 197 17
                                    

"​ဝက်​​က​လေး  ဟို​ကောင်​မ​လေးချစ်​စရာမ​ကောင်းဘူးလား"

အိမ်​ကထည့်​​ပေးလိုက်​တဲ့အသီးအရွက်​စုံ အာဟာရပြည့်​​စေဖို့အသားငါးများ vitamin C တို့ Dတို့ပြည့်​ဝ​စေမယ့်​ ထမင်းဘူးကိုဇင်း​နွေဦးသ​ဘောမ​တွေ့။ ​ကျောင်းမုန့်​​ဈေးတန်းကမုန့်​မျိုးစုံကို​တော့ တစ်​ရက်​ရတဲ့မုန့်​ဖိုး၅၀၀၀ဖြင့်​ တစ်​ခုပြီးတစ်​ခုဝယ်​စားတတ်​သည်​။

အခုလည်း​ကျောင်းမတက်​ခင်​ခါ​တော်​မှီ​လေး ​ကျောင်းဝန်း​ထဲတွင်​လှည့်​ပတ်​သွားလာ​နေသည့်​​ကြောင်​​လေး​တွေ၏အဓိကရိပ်​မြုံရှိရာ  ၆တန်း​ဆောင်​ရဲ့toilet​ဘေးနားမှာရှိတဲ့ ​ကျောင်း​စောင့်​ဦး​လေးကြီးအိမ်​ကိုသွားကာ ​ကြောင်​​လေး​တွေကိုထမင်းဘူးထဲကရှိသမျှအာဟာရ​တွေအကုန်​ချ​ကျွေး​နေတုန်း လွန်းထင်​ရဲ့အသံ​ကြောင့်​ ခပ်​သွက်​သွက်​လှည့်​ကြည့်​မိသည်​။

သူမျက်​​တောင်​မခတ်​ကြည့်​​နေတဲ့ဘက်​ကို စူးစိုက်​ကာကြည့်​လိုက်​​တော့ အလယ်​တန်းဆို​ပေမဲ့ miss​တွေ​တောင်​အရှုံး​ပေးရ​လောက်​​အောင်​ သွယ်​လျလှပပြီးအချိုးအ​ဆစ်​ညီတဲ့ခန္ဓာကိုယ်​ကိုပိုင်​ဆိုင်​ထားတဲ့​ ဆံပင်​ဂုတ်​ဝဲ​လေးနဲ့​ကျောင်းသူ​လေးတစ်​​ယောက်​။

"ဒီ​ကောင်​မ​လေး​တော်​​တော်​လှလာတာပဲ ငယ်​ငယ်​ကနဲ့ကိုမတူ​တော့ဘူး"

"ထင်​ကသူ့ကိုသိလို့လား "

"အင်း....ဒီလိုပဲ ရင်းနှီးတယ်​ဆိုပါ​တော့  လာ​လေသွားကြရ​အောင်​ ​ကျောင်းတက်​​တော့မယ်​ဝက်​​က​လေးရ"

လွန်းထင်​ကကြည်​နှူးမှု​တွေနှင့်​ပြုံးကာ​ပြော​နေသ​လောက်​ ဇင်းက​တော့ခုနက​ကျောင်းသူ​လေးကိုလိုက်​ငမ်း​နေတဲ့အနှီလူသား​ကြောင့်​မျက်​ဝန်းအစုံကမီးဟုန်းဟုန်း​တောက်​​နေ​လေသည်​။

"ငါက​ရောbodyမလှလို့လား "

"အမ်​"

ကျောင်းတက်​​တော့မှာမို့ သွားရ​အောင်​လို့ပြောပြီးတစ်​ဖက်​ပြန်​အလှည့်​ ဆိုင်းမဆင့်​ဘုံမဆင့်​​ပြောချလိုက်​​သောအ​ကောင်​​သေး​သေး​လေးရဲ့စကားသံ​ကြောင့်​ ဥက္ကာလွန်းထင်​​ကြောင်​သွားကာဘာပြန်​​ပြောရမှနိးမသိဖြစ်​သွားသည်​။

He=My Life (Completed) Where stories live. Discover now