ep-9 ❤

2.9K 159 9
                                    

"ဖြစ်​ပါ့မလားသားရယ်​ ​အခြားတစ်​နည်းနဲ့လက်​စား​ချေလည်းရပါတယ်​ ​မေ​မေက​တော့သားဆုံးဖြတ်​ချက်​ကိုမ​ထောက်​ခံဘူး​နော်​ အဲ့ဒီလိုအရဲစွန့်​ဖို့ရာသားအသက်​အရွယ်​ကအရမ်းငယ်​လွန်း​နေတယ်​ဆိုတာကို​ရောသိလား "

သက်​ပြင်းတချချနဲ့​ပြော​နေ​သော​မေ​မေ့ပုံစံသည်​ ကိုယ့်ရွေးချယ်​မှုနဲ့ဆိုရင်​ အဖြူနဲ့အနက်​ ​ဆီနဲ့​ရေ ​အ​ရှေ့နဲ့အ​နောက်​ လုံးဝတခြားစီပင်​။ ကြိုတင်​အကွက်​ချထား​သောအစီအစဉ်​များအား​တွေးမိရင်း ​မေ​မေ့ကိုတိုင်​ပင်​ကာမှပိုဆိုး​နေသည်​ပင်​...

"ဒါ​ပေမဲ့ သူတို့​ကြောင့်​သားတို့်​အခုဘယ်​လို​နေ​နေရလဲ ဘယ်​​လောက်​​တောင်​​သွေးပျက်​စရာ​ကောင်းတဲ့အဖြစ်​ဆိုး​တွေကိုကြုံ​တွေ့ခဲ့ရလဲ​ ​မေ​မေ​မေ့​နေပြီလား ဒါမှမဟုတ်​ ​မေ့ချင်​​ယောင်​​ဆောင်​​နေတာလား သားအရွယ်​​ရောက်​​နေပြီ​မေ​မေ ငယ်​ငယ်​တုန်းကလိုငြိမ်​ခံ​နေမှာမဟုတ်​​တော့ဘူး အခုသူတို့ပိုင်​နက်​ထဲမှာလည်းမဟုတ်​ဘူး "

"​မေ​မေသိပါတယ်​သားရယ်​ အခုဟာက..."

ဟော ​ဟော... ထစ်​ခနဲဆိုမျက်​ရည်​ကဝဲလာပြီ။ ​မေ​မေ့ကိုအဲ့ဒါ​တွေမကြိုက်​တာ အရမ်းသ​ဘော​ကောင်းလွန်း​နေတယ်​ ပြီး​တော့သူများကိုဆိုအရမ်းသနားတတ်​တာ ကိုယ်​က​တော့​မေ​မေ့​သွေးပါလို့သာ သားအရင်းလို့ယုံရင်​ယုံရမယ်​ စိတ်​ဓာတ်​က​တော့နည်းနည်း​လေးမှမတူပါ...

အခုလည်းကြည့်​​လေ ဘာမဟုတ်​တဲ့​ကောင်​​လေးတစ်​​ယောက်​ကိုကြားထဲကဝင်​ပြီးသနား​နေတာ...

"ကဲပါ ​မေ​မေရယ်​ ​မေ​မေမကြိုက်​ဘူးဆိုဆက်​မလုပ်​​တော့ဘူး ဟုတ်​ပြီလား "

ကိုယ်​လုံး​သေး​သေး​လေးကိုရင်​ခွင်​ထဲထည့်​ပြီးနှစ်​သိမ့်​စကားဆိုမိ​တော့ သူမဆန္ဒအရဖြစ်​လာသည်​မို့သ​ဘောကျသွားသည်​ထင်​ ​သေးသွယ်​သွယ်​နှုတ်​ခမ်းပါးတို့ကအနည်းငယ်​​ကွေးညွတ်​သွားသည်​။

ကိုယ်​စိတ်​ထဲက​နေ​ပြောလိုက်​တဲ့ တီးတိုး​တောင်းပန်​စကားကို​မေ​မေကြားမှကြားနိုင်​ပါ့မလား​လေ....

He=My Life (Completed) Where stories live. Discover now