Ep-26

2.8K 103 69
                                    

ဇင်း​နွေဦးတို့ထံမှပြန်​လာပြီးသည့်​​နောက်​အချိန်​ကား​နေဝင်​ချိန်​နီး​နေ​ပေပြီ။  မာန်​ဝံ့ထည်​တို့ခြံထဲကိုသူ​တော်​​တော်​နဲ့မဝင်​ဖြစ်​။ အ​ကြောင်းပြချက်ေ​​ရ​ရေရာရာမရှိပါဘဲ အ​​ရောင်ေ​ဖျာ့​ဖျော့မျက်ဝန်းတစ်စုံအား ဖန်ပုလဲသွယ်မျက်ရည်ဥတို့ကအခစားဝင်ေ​​​​​​​​​လ၏။ လူတိုင်းလူတိုင်း​ကြုံ​တွေ့ရမည်​ဖြစ်​​သော  ​တွေ့ကြုံဆုံကွဲဓမ္မတာအားနားလည်​နိုင်​ပါ​သော်​ငြား တကယ့်​တကယ်​ကြုံလာရသည့်​အချိန်​လက်​ခံနိုင်​ဖို့ရာအ​တော်​ပင်​ခဲယဉ်းလှသည်​။ အထူးသဖြင့်​ ချစ်​ရသူနှင့်​​ကွေကွင်းရမည်​ဖြစ်​​သောအချိန်​။ ​သို့​သော်​ အားလုံးအဆင်​​ပြေဖို့ရာဒီတစ်​နည်းသာရှိ​ပေ​တော့သည်​။

သက်​ပြင်းတချက်ချကာ​​ပါးပြင်​​ပေါ်ရှိမျက်​ရည်​စီး​ကြောင်းတို့အားသုတ်​ဖယ်​ပြီး ချစ်​ရသူထံဦးတည်​ခဲ့ပါသည်​တည့်​။

လှေကားတစ်​ထစ်​ချင်းစီဖြည်းညင်းစွာတက်​ကာအခန်းတံခါးဝက​နေ​ချောင်းကြည့်​​တော့ ​ကောင်​ငယ်​​လေးကအ​ငွေ့တ​ထောင်း​ထောင်းထ​နေ​သောဆန်​ပြုတ်​ပန်းကန်​အားတဖူးဖူးမှုတ်လိုက်​ ​ဇွန်း​လေးနဲ့ခတ်​ကာပါးစပ်​ထဲသွင်းပြီးတမြုံ့မြုံ့ဝါး၍အရသာခံလိုက်​ ထိုလုပ်​စဉ်​နှစ်​ခုကိုသာအာရုံရှိရှိလုပ်​​ဆောင်​​နေ​လေသည်​။ ဆန်​ပြုတ်​တစ်​လုတ်​ကိုပါးစပ်​ထဲသွင်းလိုက်​တိုင်း ​ကျေနပ်​သွားသည့်​ဟန်​ဖြင့်​မျက်​လုံး​လေးမှိတ်​ကာ တခါတရံနှစ်​ဇွန်းဆက်​တိုက်​သွပ်​သည့်​အခါတွင်​ပါး​ဖောင်း​ဖောင်း​လေးဖြစ်​သွားသည်​မှာပိဘိက​လေးငယ်​သဖွယ်​။

မဖြစ်​​တော့ ယခုအ​ခြေအ​နေအတိုင်းသာဆက်​​ချောင်း​နေပါက ယခုညသည်​သူတို့နှစ်​ဦး၏မင်္ဂလာဦးညအဖြစ်​ကင်​ပွန်းတပ်​ခံရသွားလိမ့်​မည်​​ပေ။

"​သက်​သာလား"

ဂရုတစိုက်​နဲ့​မေးလာ​သောအသံ​ကြောင့်သ​ကောင့်သားပြန်လာပြီဆိုတာမာန်သိလိုက်သည်။ ​​​​​​ပါးစပ်​ထဲသွင်း​တော့မည်​ဖြစ်​​​သောဆန်​ပြုတ်​ဇွန်းကိုပြန်​ချလိုက်​ကာ ဘာ​ကြောင့်​မှန်းမသိမျက်​​မှောင်​လည်းအလိုလိုကျုံ့ထားမိ၏။

He=My Life (Completed) Where stories live. Discover now