Ep-21

2.4K 127 32
                                    

"ညီ​လေး ဒီကိုလာ​လေ ကိုကို့ဆီကိုလာ ဘာ​တွေ​တွေ​ဝေ​နေတာလဲ ကိုကိုကညီ​လေးကိုအရမ်းလွမ်း​နေတာကို "

မှိုင်းညို့ရီ​ဝေ​နေ​သောမြူခိုးမြူမှုန်​​တွေကြား အသံပိုင်​ရှင်​ကိုမမြင်​​တွေ့နိုင်​သည့်​တိုင်​ မာန်ဝံ့ထည်တစ်​​ယောက်​ မိမိ၏အစ်​ကိုဆို​သောလူ၏မျက်​နှာကိုမြင်​ချင်​လွန်းသည့်​စိတ်​ဆန္ဒတို့ကပြင်းပြလျက်​ရှိစွာ နာမ်စားတစ်​​ခုကိုသာထပ်​တလဲလဲ​​ခေါ်ဆို​နေရင်း အရပ်​မျက်​နှာတိုင်းကိုအရူးတစ်​​ယောက်​လို​ပြေးလွှားရှာ​သော်​ငြားအရိပ်​အ​ယောင်​ပင်​မ​တွေ့ရ။

"ကိုကို ကိုကို "

"အင်း..ကိုကိုဒီမှာရ​ပ်​​နေတယ်​ "

မာရသွန်​အ​ပြေးပြိုင်​ပွဲဝင်​​နေသည့်​အလားတစ်​စက်​က​လေးမှမနား ​ခြေအစုံတို့်​အားအချိန်​အ​တော်​ကြာ​အောင်​အလုပ်​​ပေးပြီးသည့်​​နောက်​တွင်​ မြူခိုးအချို့ထူထပ်​​နေသည့်​​နေရာတစ်​​နေရာဍ်​ မပီမပြင်​အရိပ်​တစ်​ခုကို​တွေ့လိုက်​ရသည်​။

"ကိုကို..ကိုကိုလားဟင်​"

တုံ့ပြန်​သံမကြားရ။ သူထိုနားသို့​လျှောက်​သွားမည့်​တစ်​ခန  လွမ်း​ဆွေးမှုအပြည့်​ပါသည့်​အသံ​ရော မြူခိုးမြူ​ငွေ့​တွေ​နောက်​ကအရိပ်​​ပါရုတ်​ချည်း​ပျောက်​ကွယ်​သွားကာ စူးရှသည့်​အလင်းတန်းတစ်​ခုထွက်​​ပေါ်လာသည့်​​နောက်​တွင်​ သူ၏မျက်​ဝန်းအစုံကိုတင်းကြပ်​စွာမှိတ်​ချထားလိုက်​သည်​။

အမြင်​အာရုံပြန်​ရလာသည့်​အချိန်​တွင်​ကား သူ၏ခန္ဓာကိုယ်​သည်​အခန်းတစ်​ခုအတွင်းသို့​ရောက်​ရှိ​နေခဲ့ပြီးဖြစ်​သည်​။

စာအုပ်​များဖြင့်​ပြည့်​လျက်​ရှိ​နေ​သော​ဖေ​ဖေ့ရဲ့အလုပ်​ခန်း။

ရုတ်​တရက်​ တစ်​စုံတစ်​ခုကိုသူသတိရသွားသည်​မှာ မကြာ​သေးခင်​အချိန်​မှသူအသည်းအသန်​လိုက်​ရှာ​နေ​ခဲ့သော အစ်​ကိုဆိုသည့်​သူကိုရှာရန်​လုံးဝသတိမရ​တော့သည်​အထိ။

သူ့စိတ်အစုံကိုဆွဲငင်ညို့ယူထားသည်မှာ ​​​ဥက္ကာလွန်းထင်​ခိုး​ကြောင်​ခိုးဝှက်​နဲ့ကြည့်​​နေခဲ့​သောစာအုပ်​တစ်​အုပ်​။

He=My Life (Completed) Where stories live. Discover now