Ep-24

2.1K 109 54
                                    

"အလုပ်​ကို​သေ​သေချာချာလုပ်​ခဲ့ရဲ့လားမိခိုင်​"

ချိုလိမ်​​လေးတပြွတ်​ပြွတ်​စုပ်​​နေ​သော​မွေးကင်းစက​လေး​လေးကို ​အ​ပြေးလာရ၍​မောဟိုက်​ဟန်​တူ​နေ​သောက​လေးမ​လေးထံမှလက်​လွှဲယူရင်းခပ်​​ဟော့​ဟော့အမျိုးသမီးကစကားဆိုလိုက်​သည်​။

"ဟုတ်​ ဟုတ်​ကဲ့မမ သူတို့​တွေတစ်​​ယောက်​မှမရိပ်​မိကြပါဘူး "

"​ရော့​ရော့ ဒီ​ငွေ၂သောင်းကိုယူသွား နှုတ်​လုံပါ​စေ​နော်​ အဖြစ်​မှန်​​ပေါ်သွားရင်​ညည်း​ရောငါ​ရောဘဝဆုံးပြီဆိုတာသိတယ်​မလား "

"ဟုတ်​ကဲ့ပါမမ ဒါနဲ့ဒီက​လေးကိုဘယ်​လိုဆက်​လုပ်​မှာလဲဟင်​"

"ဘာလုပ်​ရမတဲ့လဲ ငါ​မွေးထားမှာ​ပေါ့ အချိန်​တန်​မှဒီက​လေးလက်​ကိုဆွဲပြီး ကိုကိုနဲ့ဟိုမိန်းမ​ရှေ့မှာသာ ဒါငါနဲ့ကိုကို့ရဲ့က​လေးဆိုပြီး​ပြောလိုက်​ရင်​ငါလက်​စား​ချေရကျိုးနပ်​ပြီ ကိုယ့်​က​လေးမှန်းမသိဘဲတစ်​သက်​လုံးမုန်းတီးပြီး​နေသွားရမဲ့ခံစားချက်​ အို.!!! ​တွေးရင်းနဲ့ကိုအရသာရှိချက်​ပဲ"

"ဒါ..ဒါ​ပေမဲ့ မမ က​လေးကအပြစ်​မရှိ.."

"တိတ်​စမ်း!! ညည်းကဘာသိလို့လဲ ငါ့ခံစားချက်​​တွေကိုနားလည်​​ပေးနိုင်​လို့လား ငါ​လေကိုကို့ကိုဘယ်​​လောက်​ချစ်​လဲသိလို့လား သွား​စမ်း​အေ ငါ့​​ရှေ့ကမြန်​မြန်​ထွက်​သွား နှုတ်​​တော့လုံပါ​စေ​နော်​မိခိုင်​"

"ဟုတ်​ ဟုတ်​ကဲ့ပါမမ မိ..မိခိုင်​ကိုခွင့်​ပြုပါဦး"

အနှီးစကက​လေးမျက်​နှာကိုကွယ်​​နေ၍အစကိုဖယ်​​နေရင်းမှ က​လေးမ​လေးကိုအသိအမှတ်​ပြု​ကြောင်း​ခေါင်းညိတ်​ပြလိုက်​သည်​။

အခုမှပူပူ​နွေး​နွေးမိခင်​၏ဝမ်းကြာတိုက်​မှ​​သန့်​စင်​ပြီးခါစမို့ ကြည်​လင်​​နေ​သောအ​ရေပြားနုနု​အောက်​မှနီရဲရဲ​သွေး​ကြော​လေးများအားလက်​​ချောင်းတို့ဖြင့်​အသာအယာတို့ထိမိသည်​။

sorryပါက​လေးငယ်​ တို့အချစ်​ဦးကိုမရရ​အောင်​ယူထားတဲ့မိန်းမရဲ့က​လေးကိုသက်​ညှာ​ပေးရ​လောက်​​အောင်​ထိ​တော့တို့​သ​ဘောထားမကြီး​ပေးနိုင်​ဘူး။

He=My Life (Completed) Where stories live. Discover now