🌟ep-12🔥

2.7K 159 26
                                    

ဇင်းစာရွက်​တစ်​ရွက်​​လေးဖွင့်​ဖတ်​ဖို့ကိုလက်​​တွေတုန်​​နေသည်​။ မနက်​တည်းကဘာလို့မှန်းမသိဘလိုင်းကြီးစိတ်​ထဲက​နေလို့မ​ကောင်း။ ဒီ​​နေ့လွန်းထင်​က​ကျောင်းကားဆီလာကြိုပြီး ​ကျောင်းကိုတူတူသွားမယ်​ဟု​ပြောထား​သော်​လည်း လက်​​တွေ့မှာလူ​ရောက်​မလာဘဲ သူငယ်​ချင်း​တွေနဲ့ပါးလိုက်​တဲ့စာရွက်​​လေးတစ်​ရွက်​ပဲ​ရောက်​လာသည်​။

စာရွက်​​လေးတစ်​ရွက်​ဖွင့်​ဖတ်​ဖို့ရာသက်​ပြင်းချ​နေမိသည်​မှာဘယ်​နှစ်​ကြိမ်​မှန်းမသိ​တော့

Rsစဖြစ်​တာရယ်​ အီစီကလီလုပ်​​နေတဲ့​နေ့​တွေရယ်​ပါထည့်​တွက်​လိုက်​ရင်​ဒီ​နေ့နဲ့ဆိုသူတို့နှစ်​​ယောက်ဆုံ​တွေ့ခဲ့သည်မှာ၁ပတ်​​ကျော်​​ကျော်​​တော့ရှိမည်​။

သို့​ပေမဲ့ဇင်းထိုအ​တောအတွင်းလွန်းထင်​မျက်​နှာကိုသာအရိပ်​တကြည့်​ကြည့်​​နေခဲ့သည်​။ မှားမှားမှန်​မှန်​လွန်းထင်​ဘက်​ကရပ်​တည်​​ပေးခဲ့သည်​။ လွန်းထင်​ပြုံး​နေလျှင်​အရူးတစ်​​ယောက်​လိုလိုက်​ပြုံး​နေမိသည်​။ ဟိုတစ်​​နေ့ကအထိုးခံရတုန်းကရုတ်​တရက်​ကြီးဘာထဖြစ်​တာမှန်းမသိ​ပေမဲ့ ဒီလိုလုပ်​မှ​သူ​ကျေနပ်​မယ်​ဆိုရင်​လုပ်​ပါ​စေ​တော့ဟုအသာတကြည်​ငြိမ်​ခံ​ပေးခဲ့သည်​။ ကိုယ့်​ဘက်​ကဝင်​နာ​ပေးတဲ့ဇိုး​ကောင်​ကို​တောင်​ အားမနာလျှာမကျိုးသူ့အတွက်​နဲ့ကတ်​ကတ်​လန်​​အောင်​ပြန်​ရန်​​တွေ့ပေးခဲ့သည်​။

နောက်​ဆုံး...မကြာ​သေးမီကသိလိုက်​ရတဲ့ သူ့EX​ကောင်​မ​လေးနဲ့တိတ်တိတ်ေ​​​​လးပြန်​ဆက်​သွယ်​​​နေတာကို​တောင်မသိချင်​​ယောင်​​ဆောင်​​ပေးထားသည်​​ပဲ​လေ...

အဟက်​! ကိုယ်​ဟာတကယ်​​တော့​ပေါက်​ခါစဂျို​လေး​တွေနဲ့ချစ်​စရာ​ကောင်းလွန်း​နေတဲ့နွား...

ပထမဆုံးရည်းစားဦးမှာတင်​နွားဖြစ်​ခံပြီးချစ်​​နေတာနည်းနည်း​နော​နောကုသိုလ်​ကံမဟုတ်​...

စိတ်​ကိုတင်းတင်းထားပြီးစာရွက်​အ​ခေါက်​​လေးကိုဖြည်​ချလိုက်​သည်​။

He=My Life (Completed) Where stories live. Discover now