ep-10

2.9K 177 12
                                    

"ဒါ..ဒါ..​​တွေ..က ဘယ်​.ဘယ်​လိုဖြစ်​.."

Ph screen ​ပေါ်ကအလှပဆုံးအပြုံး​တွေနဲ့​သူတို့နှစ်​​ယောက်

လွန်​ခဲ့တဲ့နှစ်​ရက်​​လောက်​ကဇင်း လွန်းကိုကားဂိတ်​လိုက်​ပို့တုန်းက နှစ်​​ယောက်​တွဲပုံ​တွေကိုရှု​ထောင့်​အမျိုးမျိုးကရိုက်​ထားတာ​တွေ

ဇင်း လွန်းကိုက​လေးလိုနွဲ့ဆိုးဆိုးပြီး​ကောက်​​နေတာကအစနဖူးကိုနမ်း​နေတာကအဆုံး အပိုအလိုဟာကွက်​မရှိview​ကောင်း​ကောင်းနဲ့ရိုက်​ထားသည်​။

နှစ်​ကိုယ်​တည်းသိတာကကိစ္စမရှိ အခု​တော့ထိုပုံ​တွေက​ကျောင်းကလူ​တွေနဲ့ဖွဲ့တာ chat gpထဲမှာပျံ့နှံ့​နေပါ​ရောလား...

"ငါအ​ခြောက်​လား "

ကိုယ်​ကိုယ်​တိုင်​မသိလိုက်​ခင်​နှုတ်​မှထွက်​သွားမိ​သောစကားတစ်​စွန်းတစ်​စ...တစ်​ဆက်​တည်းနရင်းပိတ်​အုပ်​ခံလိုက်​ရတဲ့ချစ်​သူငယ်​ချင်းကြီးရဲ့လက်​ရာ​ကောင်း​ကောင်း...

"Gayလို့​ခေါ်တယ်​ လဒရဲ့ တကတည်း ကြိုက်​​နေတာက​ယောင်္ကျား ဘယ်​လိုအ​ခေါ်အ​ဝေါ်သုံးရမှန်းမသိဘူး "

ဘာတဲ့ ​ဂေးကဘာကြီးလဲ? ကာကာ​ပြောတာဘာမှနားမလည်​လို့ ​နာ​နေတဲ့​နေရာ​လေးကိုပွတ်​ရင်း မ​ကြည်​ကြည့်​များဖြင့်​သာကြည့်​လိုက်​ရသည်​။

အမယ်​...သူက​တောင်​ကိုယ့်​ထက်​ပညာ​တွေစုံ​နေတာ...

"မင်းက အဲ့​ဂေးဆိုလားဘာလား အ့ဘယ်​လိုသိလဲ "

"အဟွင်း ဒီလိုပဲရှာ​ဖွေ​လေ​တွေ့ရှိ​လေ​ပေါ့ မင်းနဲ့​ပေါင်းပြီး​နောက်​ပိုငိးအဲ့​ဒီလိုဖြစ်​သွားတာပဲ ဒါနဲ့ ဒီ​နေ့အတန်းထဲကလူ​တွေ မင်းကိုကြည့်​တဲ့အကြည့်​ကတစ်​မျိုးဖြစ်​မ​နေဘူးလား "

ဟုတ်​သား gpထဲမှာသူနဲ့လွန်းထင်​ပုံ​တွေပျံ့​နေတာကို​ခေတ္တခန​မေ့​လျော့​နေခဲ့သည်​။

အတန်းထဲစဝင်​လာတည်းက အ​ခြောက်​​လေးဟုခနဲ့တဲ့အသံ​တွေ....တချို့ကရွံရှာတဲ့အကြည့်​​တွေ ​ကျောင်းသူ​လေး​တွေရဲ့တီးတိုးအတင်းတုပ်​​နေကြပုံ​တွေ မ​နေ့ကသူဘဝပျက်​သွားမလိုဖြစ်​တာ​တွေက ​ခေါင်းထဲအစီအတန်းဝင်​လာသည်

He=My Life (Completed) Tempat cerita menjadi hidup. Temukan sekarang