ep-5 🌟 or 🔥

4.5K 238 50
                                    

ရင်​ခွင်​ထဲတွင်​နစ်​ဝင်​​နေ​သောအ​ကောင်​​သေး​သေး​လေးရဲ့မျက်​နှာကို​ ​သေချာစိုက်​ကြည့်​ပြီး​ပြောလိုက်​သည်​။

"မင်း..မင်းက Tomboyမလား"

"ဘာရယ်​...😾"

"အသားအ​ရေကလည်းနုဖတ်​​နေတာပဲ မျက်​​တောင်​​တွေကလည်း​ရှည်​သွယ်​သွယ်​​လေးစင်း​နေတာ ပါးနှစ်​ဖက်​ကလည်းနီရဲလို့ ပန်းဆီ​ရောင်​နှုတ်​ခမ်းကလည်းဖူးပြီးအရပ်​ကလည်းပုပု​လေး တကယ့်​ကိုမိန်းက​လေးအရပ်​ ငါထင်​တာမမှားဘူးဆိုမင်းကမိန်းက​လေးတစ်​​ယောက်မ​လား ပြီး​တော့Tomboy​လေ"

"ဒီမျက်​နှာကို​သေချာကြည့်​ ပြူးပြဲပြီးကြည့်​"

ရွဲ့​ပြောမှန်းမသိ မာန်​တစ်​​ယောက်​​ဇင်းရဲ့မျက်​နှာ​သေး​သေး​လေးကို​သေချာငုံ့ကြည့်​ရှာသည်​။

"ဘာလာကြည့်​​နေတာလား"

"မင်းပဲ​သေချာကြည့်​ဆို"

"လူကစတိုင်​ထုတ်​ထားတာအပြည့်​ ကြပ်​က​လေးကမပြည့်​ရှာဘူး ကျွတ်​စ် ကျွတ်​စ် "

"ဘာ.."

"ငါသွား​တော့မယ်​"

ဇင်း ​ရှေ့သို့​ခြေလှမ်းငါးလှမ်းစာ​လောက်​လှမ်းလိုက်​ပြီးမှ ​ခြေလှမ်းများကိုရပ်​တန့်​လိုက်​ပြီး​နောက်​သို့ပြန်​လှည့်​ကြည့်​ကာ..

"​​ပြောထားရအုံးမယ်​ ငါမိန်းက​လေးလုံးဝမဟုတ်​ဘူး မ​ကျေနပ်​ရင်​မင်းကြိုက်​သလိုစမ်းသပ်​ကြည့်​လို့ရတယ်​"

ဇင်း​နွေဦး​ပြောပြီးချာခနဲလှည့်​ထွက်​သွားတာနဲ့ မာန်ဝံ့ထည်​ ​V-shapeပုံသဏ္ဌာန်​​မေး​စေ့ကိုအရသာခံပွတ်​ရင်း အဓိပ္ပါယ်​ပါပါပြုံးလိုက်​မိသည်။

{ငါကြိုက်​သလိုစမ်းသပ်​ကြည့်​လို့ရတယ်​​ဆိုပါလား ဟက်​..}

~~~~~~~~~~~He=My Life~~~~~~~~~~~

ည​နေဘက်​ကျူရှင်ချိန်​မှာ အင်္ဂလိပ်​စာဆရာမကEssay​ဖြေခိုင်းသည်​။ ကျက်​ခိုင်းထားတာတစ်​ရက်​​ကျော်​ကြာ​နေ​​သော​ကြောင့်​ essayတစ်​ပုဒ်​​လေးကိုဘယ်​သူမှပိုင်​ပိုင်​နိုင်​နိုင်​ကျက်​မလာကြ။ ကံ​ကောင်းသည်​ကဇင်းတို့ဝိုင်းတွင်​ ဥက္ကာလွန်းထင်​ရဲ့bff ခိုင်​ဇင်​​သော်​..ဇင်းတို့က​တော့ခိုင်​လို့ပဲ​ခေါ်သည်​ တိုက်​တိုက်​ဆိုင်​ဆိုင်​သူမတစ်​​ယောက်​က​တော့ထိုessayတစ်​ပုဒ်​လုံးကိုအလွတ်​ကျက်​လာသည်​တဲ့။

He=My Life (Completed) Where stories live. Discover now