Ep-3 🔥 or 🌟

5.9K 316 17
                                    

"​မေ​မေ ​မေ​မေ ဘာဖြစ်​တာလဲဟင်​"

သတ္တမ​တန်း​နောက်​ဆုံးစာ​မေးပွဲ​ဖြေပြီး  ည၁၀နာရီအချိန်​။ ထို​​နေ့ ထိုအချိန်​ ထိုအဖြစ်​အပျက်​​တွေအကုန်​လုံး ​ဥက္ကာလွန်းထင်ရဲ့​​ခေါင်းထဲကိုသံမိုရိုက်​သွင်းထားသ​လိုအစအဆုံးအကုန်​မှတ်​မိ​နေသည်​။

ဖေ​ဖေကြီးညဆိုင်းမဆင်းမဖြစ်​ဆင်းရသည့်​အတွက်​ အိမ်​ပြန်​မလာနိုင်။ ​​​ထိုအရာကိုအခွင့်​​ကောင်းယူပြီး ​မေ​မေကြီးနဲ့သူ့သားဖြစ်​သူ မြတ်​သူရ နှစ်​​ယောက်​​ပေါင်းကာ ပိုးစိုးပက်​စက်​​ပြောဆိုပြီးအိမ်​​ပေါ်က​နေနှင်​ချခဲ့တယ်​။ ညဘက်​အချိန်​မ​တော်​ဖြစ်​​နေ​လို့ ​မတန်မရာ​ပေးရမှန်းသိလည်းပဲ ​​မေ​မေ့​နားကပ်​တစ်​ဖက်​ကိုဖြုတ်​​ပေးပြီး Hotelတစ်​ခုမှာအလျင်​စလိုတည်းခိုခဲ့ရတယ်​။

နောက်​ပြီး​တော့မာန်​ဝံ့ထည်​  ​မေ​မေကြီးရဲ့တစ်​ဦးတည်း​သောသား ကျွန်​​တော့်​အတွက်​​တော့ဂြိုလ်​ဆိုး ပဉ္စမတန်း​ကျောင်းသား ကျွန်​​တော့်​ထက်​နှစ်​နှစ်​ငယ်​တယ်​။ အစ်​ကိုဆိုပြီးရို​သေ​လေးစားမယ်​ထငိ​နေလား sorryပဲသူ့လိုလူမျိုးက ​နေနဲ့လသာမျက်​နှာချင်းဆိုင်​ရင်​ဆိုင်​သွားမယ်​ သူနဲ့ကျွန်​​တော်​က​တော့ညီအစ်​ကို​တွေလိုဘယ်​​တော့မှ​နေနိင်​လိမ့်​မည်​မထင်​။

မေ​မေကြီးက​ပြောတယ်​...ကျွန်​​တော့်​​မေ​မေကမိန်းမပျက်​တဲ့ ​ဖေ​ဖေကြီးကိုအတင်းချွဲပြီးခြူစား​နေတာတဲ့...ဟင့်​အင်း ကျွန်​​တော့်​​မေ​မေကအဲ့ဒီလိုမဟုတ်​ဘူး ကျွန်​​တော့်​အတွက်​​မေ​မေက လမ်းမှားမ​ရောက်​​အောင်​လမ်းမှန်​ပြ​ပေးသူ ဘဝမှာတစ်​ဦးတည်း​သောသူ ဘယ်​​တော့မှ​ကျေးဇူးဆပ်​လို့မကုန်​နိုင်​တဲ့သူ။ တစ်​ခါတစ်​ခါ ​မေ​မေကြီးရဲ့သားက လာလာအနိုင်​ကျင့်​​သေးတယ်​။ အဲ့ဒီတုန်းက​တော့​ဖေ​ဖေကြီးရဲ့မျက်​နှာ​ကြောင့်​ သည်းခံ​နေခဲ့​တာ အခု​ကျောင်းအသစ်​မှာပြန်​​တွေ့​တော့လဲ မြတ်​သူရအချိုးကအရင်​အတိုင်းပဲ ကျွန်​​တော့်​ကိုနှိမ်​ချင်​သည်​ ဟင့်​အင်း အရင်​လိုငြိမ်​ခံမ​နေ​တော့ဘူး ​မေ​မေရဲ့မျက်​ရည်​​တွေ ကွဲခဲ့ရတဲ့အရှက်​​တွေ ပူ​ဆွေးခဲ့ရတဲ့​​သောက​တွေ ပြန်​ဆည်​လို့မရ​တော့တဲ့သိက္ခာတရား​တွေအတွက်​ အဲ့ဒီ​ကောင်​ကိုလက်​တုံ့ပြန်​မယ်​။

He=My Life (Completed) Where stories live. Discover now