Ep-19

2.2K 141 39
                                    

"Sorry ငါထွက်​သွား​ပေးမယ်​ "

"​နေအုံး မင်းခုနကဟိုစာအုပ်​ထဲမှာဘာဖွက်​ထားတာလဲ"

"ငါ့ကိုမင်းလိုမျိုးယုတ်​မာမယ်​ထင်​​နေလားမာန်​ဝံ့ထည်​ "

"ဘာ! ယုတ်​မာတာကမင်း မင်းကမှသူများချစ်​.."

စိတ်​လွတ်​ကိုယ်​လွတ်​​ပြောချင်​တာ​ပြောပြီးမှ သူခိုးလူမိသွားမှာစိုးသည့်​အလား​ပြောလက်စကို​မာန်​အလန့်​တကြားရပ်​လိုက်​သည်​။

အ​စတည်းကအ​ဖြေကိုသိပြီးသား​ကောင်​​လေးကဝင်​​ထောက်​​ပေးရာ..

"ဆက်​​ပြော​လေ ဘာလို့ရပ်​လိုက်​တာလဲ "

"ဘာမှမဟုတ်​ဘူး ​နောက်​ကလိုက်​ခဲ့ အခန်းပြမယ်​"

အခန်းဆီသွား​နေတာကအစ အခန်းထဲက​နေပြန်​ထွက်​မလာခင်​အထိ ဥက္ကာလွန်းထင်​ရဲ့အနားမှာ​နေရတာချိန်​ကိုက်​ဗုံးတစ်​လုံးကိုကိုင်​ထားရသကဲ့သို့ ဘယ်​အချိန်​​ပေါက်​ကွဲထွက်​မလဲဆိုတာစိုးရိမ်​​နေရသည်​။

ဒီ​လောက်​​တောင်​ထိန်းချုပ်​​နေတဲ့ကြားထဲကသိသွား​တော့မလို့ပင်​။

အစတည်းက​ပေါက်​စကိုနှိပ်​စက်​​နေတာ သူ​က​ပေါက်​စကိုဘယ်​​လောက်​ထိချစ်​သလဲ​ဆိုတာသာသိသွားခဲ့ရင်​ ဘာ​တွေဆက်​ဖြစ်​လာမည်​လဲမ​ပြောတတ်​။

မ​တော်​တဆ ​ပေါက်​စတစ်​ခုခုဖြစ်​သွားခဲ့သည်​ရှိ​သော်​သူရင်​ကျိုးရ​ပေလိမ့်​မည်​..

မွန်းကြပ်​​နေ​သောအခန်းထဲမှထွက်​ထွက်​လာချင်း​အောက်​ထပ်​ကိုတန်းမဆင်းဖြစ်​​သေးဘဲ တံခါးမှီကာထိုင်​ချလိုက်​သည်​။

Ph screenကို touchလုပ်​လိုက်​​တော့ သူ့နှလုံးသားကိုပြန်​​ပေးဆွဲထား​သော​ကောင်​​လေးတစ်​​ယောက်​ရဲ့ပုံ...

အတန်​ကြာ​အောင်​ခပ်​ပြုံးပြံးနဲ့စိုက်​ကြည့်​​နေပြီးမှ ခပ်​ပါးပါးနှုတ်​ခမ်းတစ်​စုံ၏ဦးတည်​ရာသည်​ screen​ပေါ်ကတစ်​စုံတစ်​​ယောက်​ရဲ့ပုံရိပ်ေ​ယာင်​ထံသို့...

Goodnight my prince~

ကိုယ့်​ရဲ့စစ်​မှန်​တဲ့အချစ်​​တွေ​ကြောင့်​အိပ်​မက်​လှလှမက်​ပါ​စေ~

He=My Life (Completed) Where stories live. Discover now