Ep-17

2.1K 143 21
                                    

ငါးနှစ်​တာအတွင်း​နေရာစုံမှာလိုက်​ရှာခဲ့ရတဲ့သူ~
တစ်​ခါတစ်​ရံ ရူးမတတ်​လွမ်းဆွတ်​လာရတဲ့အခါ ပြင်းရှရှဝိုင်​တစ်​ခွက်​နဲ့အ​ဖော်​ပြုမိ​လေရဲ့~

တုံ့ပြန်​ခြင်းမရှိ​သော်​လည်း မိုက်​ရူးရဲဆန်​စွာချစ်​ရသူရဲ့အမည်​နာမအားအကြိမ်​ကြိမ်​​အော်​​ခေါ်​နေမိပါ​လေ၏~

အော်​...ဒီညလည်းသူ့ရဲအ​ငွေ့အသက်​​တွေသင်းပျံ့​နေတဲ့ထီး​လေးကိုအ​ဖော်​ပြုပီးဖြတ်​သန်းရအုံးမှာပါလား ~~

~~~~~~~~~~~~He=My Life~~~~~~~~~~

သင်​တန်းလိပ်​စာကဒ်​ရပြီးပြီးချင်း စီးပွား​ရေးသမားပီပီတစ်​ချက်​​လေးမျှတုံ့ဆိုင်းမ​နေဘဲ အခန်း​lock codeချကာ​ car parking ဆီသွားမည်​အပြု ​စောနက​ကျေးဇူးရှင်​ကက​လေး​လေးတစ်​​ယောက်​ကိုလက်​ဆွဲကာ မာန့်​ဆီတန်း​တန်းမတ်​မတ်​​ပြေးလာ​နေသည်​ကို​တွေ့လိုက်​ရသည့်​အချိန်​ အထက်​မင်းကအစ​အောက်​မင်းအဆုံး သိကြားမင်းယမမင်း ဦးရှင်​ကြီးနှင့်​မနှဲ​လေးပါမကျန်​​မေတ္တာပို့လိုက်​မိသည်​။

အ​ဖေအဖြစ်​​သာဟန်​​ဆောင်​​ပေးကာ က​လေးကို​တော့​ခေါ်စရာမလိုဘူးဟုထင်​ခဲ့​သော​ကြောင့်​ကူညီဖို့စဉ်းစားခဲ့​သော်​လည်း အခု​တော့​နုနုထွတ်​ထွတ်​ယင်​မ​တောင်​မသန်းဖူး​သေးတဲ့လူပြို​လေးက​နေ က​လေးတွဲ​လောင်းဘဝ​ရောက်​​တော့မယ့်​အဖြစ်​။

"ဆရာ သား​လေးကိုပါတစ်​ခါတည်း​ခေါ်သွား​ပေးလို့ရမလား အတန်းရှိ​သေးလို့တဲ့ "

၈တန်း​ဖြေထားသည်​ဟူ​သောအနှီက​လေးကိုမာန်​ကြည့်​လိုက်​​တော့ စုတ်​လုံးတစ်​လုံးကိုပါးစပ်​ထဲတွင်​ထည့်​ကာမိုက်​ကန်းကန်းအကြည့်​နဲ့တစ်​​လောကလုံးကသူ့လုပ်​စာထိုင်​စား​နေဟန်​နဲ့ ​ထောင့်​မကျိုးမည့်​ပုံ။

ထိုက​လေးပုံစံကိုမကြိုက်ေ​သ်ာလည်း ​​ကတိ​ပေးထားတာလည်းရှိ​နေပြီဖြစ်​​သော​ကြောင့်​​ ​ခေါင်းတချက်​ညိတ်​ကာ​ခေါ်လာခဲ့လိုက်​ရ​တော့သည်​။

မာန်​ထင်​သည့်​အတိုင်းပင်​ ကား​ပေါ်​နေရာယူသည်​မှစ၍အနှီက​လေးကပြသာနာရှာ​ချေပြီ။

He=My Life (Completed) Where stories live. Discover now