ep-4

4.5K 251 7
                                    

ည​နေ​ကျောင်းဆင်းချိန်​ ကျူရှင်​မရှိ​သော​ကြောင့်​ ဒရိုင်​ဘာဦး​လေးကြီးဦး​ဆောင်​​သောကားကို ​ထုံးစံအတိုင်း​နောက်​ခန်းမှာပဲအသံတိတ်​လိုက်​ပါလာခဲ့သည်​။

သက်​ပြင်းတချက်​ချကာ ပျော်​ရွှင်​မှူအတိနှင့်​​ကျေနပ်​စရာ​ကောင်းလှပါ​သော အရင်​ကဖြစ်​ရပ်​​တွေကိုတစိမ့်​စိမ့်​ပြန်​​တွေး​နေရင်း ထိုင်​ခုံ​ပေါ်​ကို​ကျောမှီချလိုက်​ပြီးမျက်​လုံးအစုံကိုဖြည်းဖြည်းချင်းပိတ်​ချလိုက်​သည်​။

"​မေ​မေ့ကိုလွမ်းလိုက်​တာ"

ဟိုးအရင်​ကကား​မောင်းတဲ့​နေရာမှာဒီဒရိုင်​ဘာဦး​လေးကြီးမဟုတ်​ ​နောက်​ခန်းမှာလည်းအခုလိုမာန်​တစ်​​ယောက်​တည်းရှိမ​နေ။ ​ကျောင်းဆင်းချိန်​တိုင်းဦးမာန်​ထက်​တစ်​​ယောက်​ ကုမ္ပဏီအလုပ်​​တွေနဲ့မအားလပ်​တဲ့ကြားက ချစ်​လို့မဝ​သောသားဦး​လေးကို အချစ်​ရဆုံးဇနီးနဲ့အတူ ​ကျောင်းကိုလာလာကြိုတတ်​သည်​။ ​​ကျောင်းကသင်​​ပေးလိုက်​တဲ့engကဗျာ​တွေ သူငယ်​ချင်းဘယ်​နှစ်​​ယောက်​ရပြီဆိုတာ​တွေ ဘယ်​ဆရာမကိုဘယ်​လိုnn​​ပေးထားသလဲဆိုတာ​တွေကို ​​မေ​မေ့​ပေါင်​​ပေါ်မှာထိုင်​ရင်း မာန်​ဝံ့ထည်​မစားရဝခမန်း​ပြောတတ်​သည်​။

အသက်​အရွယ်​ရလာတဲ့အမျိုးသမီးအများစုကြုံ​တွေ့ကြရတဲ့​သွေးဆုံးချိန်...​​ဒေါ်ဝံ့ရတနာဆီ​ရောက်​လာ​တော့ ခင်​ပွန်းကိုသာယာမှုမ​ပေးနိုင်​ဖြစ်​လာ​သည်။ ထိုခနတာ​လေးကိုဦးမာန်​ထက်​ပြင်းပြ​နေ​သောစိတ်​တို့ကိုချုပ်​တည်းမထားနိုင်​ဖြစ်​လာချိန်​ လုပ်​​ဖော်​ကိုင်​ဖက်​သူငယ်​ချင်းတစ်​​ယောက်​ရဲ့အကြံပြုချက်​ဖြင့်​ ကုမ္ပဏီညစာစားပွဲတိုင်းသွား​နေကျKTVက​ကောင်​မ​လေးတစ်​​ယောက်​ကို အခ​ကြေး​ငွေ​ပေးကာရမက်​မြူခိုး​ဝေ​နေ​သောစိတ်​တို့ကို​ဖြေ​ဖျောက်​နိုင်​ခဲ့သည်​။

အရာအားလုံးအဆင်​​ပြေသွားပြီထင်​တဲ့အချိန်​ ထိုမိန်းက​လေးက ကလေးတစ်ေ​ယာက်ကိုလက်ဆွဲပြီး​​​​companyထံ​ရောက်​လာ​တော့ ​နောက်​ဆုံးဘာမှမတတ်​နိုင်​ဘဲ ဇနီးသည်​ကိုအားလုံးဖွင့်​​ပြောပြပြီး အိမ်​​ပေါ်​ခေါ်တင်​ထားခဲ့သည်​။

He=My Life (Completed) Where stories live. Discover now