ep-15

2.3K 146 28
                                    

တက္ကသိုလ်​ဝင်​ခွင့်​စာ​မေးပွဲကြီးကို​ တစ်​နှစ်​ထဲနဲ့​အောင်​မြင်​စွာ​ဖြေဆိုနိုင်​ခဲ့သည့်​အတွက်​ ဇင်းတို့အိမ်​ရဲ့်​​နေ့လည်​စာမှာ ခါတိုင်း​နေ့​တွေနှင့်​မတူဘဲ ဟင်းလျာ​ပေါင်း​မြောက်​များစွာနှင့်​ ထမင်းစားပွဲဝိုင်းမှာလူစုံတက်​စုံဖြစ်​​နေကြသည်။

ဇင်း​အောင်​စာရင်းသိသိချင်း ဂုဏ်ထူးမပါလို့အဆူခံရမည်​ထင်​​သော်​လည်း ​သားစာ​မေးပွဲ​အောင်​တယ်​လို့​ပြောလိုက်​တာနဲ့ ထီ​ပေါက်​တာထက်​​တောင်​ဝမ်းသာသွားပုံရတဲ့မိဘ​တွေရဲ့မျက်​နှာအ​နေအထားအရ ဇင်းကိုဘယ်​​လောက်​​မျှော်​လင့်​ထား​ကြောင်းသိသာလှသည်​။ဂုဏ်​ထူးမပါလို့အပြစ်​မ​ပြောဘူးလား​မေး​တော့ မင်းဦး​နှောက်​နဲ့၁၀တန်း​အောင်​တာပဲကံ​ကောင်းတဲ့...

"​မေ့သား​လေး ဟင်း​တွေထည့်​စား​လေ စာ​မေးပွဲ​အောင်​တာမ​ပျော်​ဘဲဘာ​တွေအလိုမကျဖြစ်​​နေတာတုန်း မျက်​နှာကမှုန်​ကုပ်​​နေပြီးမှိုင်​တိုင်​တိုင်​နဲ့ "

ဘေးချင်းကပ်​ရက်​စကားထိုင်​​ပြော​နေတာ​တောင်​ တုံ့ပြန်​မှုတစ်​ချက်​မရှိတဲ့ဇင်းပုံစံက​​ကျောက်​ရုပ်​တစ်​ရုပ်​လို...

ထမင်းပန်းကန်​ထဲကဖဲ့ပြီးသားကြက်​သားအပိုင်းအစကိုအသိစိတ်​ကင်းမဲ့စွာ ဇွန်းနဲ့ပယ်​ပယ်​နယ်​နယ်​ထပ်​ခါထပ်​ခါဖိ​ချေ​နေသည်​။

"သား..​နွေဦး​လေး..​မေ​မေ​ပြော​နေတာကြားလား "

"ဗျာ ဟုတ်​ဟုတ်​ "

ထမင်းလုပ်​အကြီးကြီးကိုပါးစပ်​ထဲခွံ့ရင်းပြုံးပြလိုက်​​တော့မှ​ကျေနပ်​သွားဟန်​တူသည်​။

စာ​မေးပွဲ​အောင်​လို့တစ်​​နေ့လုံးဂဏှာမငြိမ်​အ​ပျော်​လွန်​ပြီးစပ်​စလူးထ​နေတာအဟုတ်​ ပြသာနာက ဟိုဘဝင်​ရူးရူး​နေတဲ့​ကောင်​​ရောက်​လာမှစတာပင်​။

စာဘက်​မှာ​ရွှေဥာဏ်​​တော်​စူး​ရောက်​​ပေမဲ့ လူ​တွေရဲ့အကြည့်​ကိုခန့်​မှန်းတဲ့​နေရာမှာ​တော့ပါရမီပါတယ်​ဆိုရမလား

နေ့လည်​ကဟို​ကောင်​ရဲ့အကြည့်​....မျက်​ဝန်းအစုံက​ဒေါသမီးတဟုန်းဟုန်း​တောက်​​နေ​ပေမဲ့ တစ်​​ထောင့်​တစ်​​နေရာကခံစားချက်​အချို့ကိုဇင်းခံစားမိလိုက်​သည်​။

He=My Life (Completed) Where stories live. Discover now