ep-6 🏤

3.7K 216 20
                                    

ဒီ​နေ့​သောကြာ​နေ့ တစ်​နည်းအားဖြင့်​ ဇင်း​နွေဦးကို​ကျောင်းသို့မနည်းပင့်​​ခေါ်​နေရမြဲဖြစ်​​သော​နေ့တစ်​​နေ့...

စ​နေနဲ့တနင်္ဂ​နွေနှစ်​ရက်​ပိတ်​တာအားမရလို့ ​သောကြာပါအပိုထပ်​​ဆောင်းကာ ဘယ်​သူပိတ်​ပိတ်​မပိတ်​ပိတ်​ ကိုယ့်​ဘာသာပလုံမိုးရှင်းအ​နေနဲ့ပိတ်​လိုက်​ပြီး လူ​ကောင်​နဲ့မလိုက်​​သောလွယ်​အိတ်​အ​လေးကြီးကိုဆွဲကာ နီးစပ်​ရာဂိမ်းဆိုင်​သို့​ပြေးတတ်​သည်​။

ခါတိုင်း ​ကျောင်းကားကလာကြို​ပေမဲ့ ထိုသို့​သောအ​ကြောင်းအမျိုးမျိုး​ကြောင့်​ ​သောကြာ​နေ့တစ်​ရက်​ကို​တော့ အထူးသီးသန့်​အ​နေနဲ့ အိမ်​​တော်​ထိန်းဦး​လေးကြီးကလိုက်​ပို့​ပေးရသည်​။

အိမ်​​တော်​ထိန်းဦး​လေးကြီးဟု​ခေါ်ရသည်​က ဇင်း​နွေဦးတို့အိမ်​သည်​အနည်းငယ်​​ရှေးရိုးဆန်၍ ​မေ​မေကအစအိမ်​မှာပဲ​နေ​နေ ​ဆေးရုံပဲသွားသွား မြန်​မာအင်္ကျီခါးတင်​နှင့်​ ချိတ်လုံချည်​ကိုသာစွဲစွဲမြဲမြဲဝတ်​တတ်​သည်​။ မနက်​တိုင်းလည်း​ဖေ​ဖေ့အကြိုက်​ဖြစ်​​သော ဓာတ်​ပြား​​စက်​ထံမှ ဦးဝင်းဦး၏​ '​မမမိုး'  ဟူ​သောဂန္တဝင်​​တေးသီချင်း​ကောင်းတစ်​ပုဒ်​ကိုကြား​နေရမြဲဖြစ်​​သော​ကြောင့်​ တစ်​ပုဒ်​လုံးကိုဇင်းအစအဆုံးရ​နေပြီဖြစ်​သည်​။

ဇင်းတွင်​ ​မေ​မေနှင့်​တူ​​သော ထူးခြား​သောအချက်​တစ်​ချက်​ရှိသည်​...

ပန်းခြံထဲမှာပဲ​တွေ့​တွေ့ လမ်းသွားလမ်းလာရင်းနဲ့ပဲ​တွေ့​တွေ့...နှင်း​ဆီနီ နှင်းဆီဝါ နှင်းဆီဖြူအစရှိသဖြင့်​ နှင်းဆီကိုတယုတယနဲ့တန်​ဖိုးထားတ်​သည်​။ ၇တန်း​လောက်​ကအိမ်​​ရှေ့တွင်​စိုက်​ထား​သောနှင်းဆီဖြူ​တစ်​ပွင့်​ကို မြတ်​မြတ်​နိုးနိုးနဲ့နမ်းရှိုက်​​နေ​သောဇင်းကို မိဘများက ​ယောင်္ကျား​လေးနဲ့ပန်းနဲ့ မသက်​ဆိုင်​ဘူးဆိုကာ ပန်းပင်​အနားကို​ယောင်​လို့​တောင်​မကပ်​ရဘူးဟုအမိန့်​ထုတ်​ခဲ့သည်​။

အကယ်​၍ထိုအမိန့်​ကိုမလိုက်​နာပါက အပြစ်​ဒဏ်​သည်​ကား တစ်​ကိုယ်​လုံးခါးပတ်​ဖြင့်​အရိုက်​ခံရမည်​တဲ့....

He=My Life (Completed) Donde viven las historias. Descúbrelo ahora