Ep-25

2.3K 112 58
                                    

"အ့..*Tsk *Tsk"

"ကိုကို? ကိုကိုသတိရလာပြီလားဟင်​"

နားထင်​တစ်ဖက်စီ​​ကိုလက်​ညိုးဖြင့်​ဖိကာ နာကျင်မှုေ​ကြာင့်​ညည်းတွားမြည်​တမ်းရင်းမာန်​သတိပြန်​လည်​လာသည်​။ အသိပြန်​ရရချင်းမြင်​​တွေ့ရသည့်​မျက်​နှာပိုင်​ရှင်​ကသူ့ရဲ့တစ်​ဦးတည်း​သောညီမ​လေး။

"သက်​သာရဲ့လားကိုကို။ ညီမ​လေးမှာဖြင့်​စိတ်​ပူလိုက်​ရတာကိုကိုရယ်​ ညကတစ်​ညလုံးအိပ်​လို့​​တောင်​မ​ပျော်​ဘူး "

ပထမတစ်​ခွန်းသည်​ကား လိပ်​ပြာသန့်​သန့်​နှင့်​သူမရင်​ထဲမှအမှန်​တကယ်​လာ​သောစိုးရိမ်​စကားဖြစ်​​သော်​ငြား အိပ်​လို့မ​ပျော်​နိုင်​ခဲ့သည်​ကမူ ​​နေ့လည်​ကကျန်​တဲ့​ငွေတစ်​ဝက်​သွား​ပေး​ချေပြီးဖြစ်​ရာ ​​နောက်​ဆုံးအစီအစဉ်​ကို​အောင်​မြင်​ဖို့အတွက်​အနှီဂိုဏ်းနှင့်​phမှတဆင့်​plan​ရေးဆွဲ​နေရခြင်း​ကြောင့်​ပင်​။ ဘာမှမသိရှာဘဲသူမကိုလိပ်​ပြာဖြူ​လေးလိုသာမြင်​​နေ​သောအစ်​ကိုကို​တော့အားနာမိရုံမှတစ်​ပါး...

"ဟမ်​? ကိုကိုတစ်​ညလုံး​မေ့​နေခဲ့တာလား"

"အင်း​လေ သတိပြန်​ရလာလို့​တော်​​သေးတာ​ပေါ့။ ဆရာဝန်​က​ပြောတယ်​ ဘာမှစိတ်​မပူနဲ့တဲ့ stress​တွေအရမ်းများသွားလို့တဲ့"

ညီမ​လေး​ပြောတာ​တွေကိုနား​ထောင်​​နေရင်းစားပွဲ​ပေါ်တွင်​တင်​ထား​သောနာရီထံအကြည့်​​ရောက်​သွားရသည့်​တစ်​ခန မ​နေ့ကအဖြစ်​အပျက်​တို့က​ခေါင်းထဲပလုံစီဝင်​လာသည်​။

"ကိုကို့ကို​ကောင်​​လေးတစ်​​ယောက်​​ခေါ်လာတာလား"

"​ကောင်​​လေး​တော့​ကောင်​​လေးတစ်​​ယောက်​ပဲ။ ကိုကိုမူးလဲလို့ဆိုပြီးဖုန်းလှမ်းဆက်​တာ အိမ်​လည်းမသိလို့တဲ့။ ဒါ​ပေမဲ့ သူအိမ်​အထိပါလာပါ​သေးတယ်​ ကိုကို့ကိုအိပ်​ယာထဲဆွဲ​ခေါ်​ပေးပြီးဆရာဝန်​ပြန်​မှသူလည်းပြန်​သွားတာ ဒါနဲ့..အဲ့ဒါကိုကို့သူငယ်​ချင်းလား"

"ဟုတ်​တယ်​ လင်းထက်​အာကာတဲ့ အား..​ခေါင်း​တွေကလည်းကိုက်​လိုက်​တာ"

He=My Life (Completed) Where stories live. Discover now