Ep-23
2.1K 98 46
အချိန်​အားဖြင့်​ နံနက်​၉နာရီခန့်​~
ကားဂို​ဒေါင်​အပျက်​ကြီးထံဦးတည်​လျက်​maskအုပ်​ထား​သောလူတစ်​​ယောက်​သည်​ ဟိုကြည့်​ဒီကြည့်​ဖြင့်​​ရေးကြီးသုတ်​ပြာ​လျှောက်​လာ​နေသည်​မှာ အ​ရေးကြီးကိစ္စတစ်​ခုရှိ​နေဟန်​။
Hoodie ​အနီ​ရောင်ဝတ်ထားကာ​​ရှေ့အိတ်​ကပ်​ထဲလက်​ထည့်​ထား​ပြီး ခပ်​သွက်​သွက်​​လျှောက်​လာတဲ့သူ့ကိုမြင်​​တော့​ ခေါင်း​ဆောင်​ကလက်​ရမ်းပြရင်းလှမ်း​ပြောသည်​။
"​ပျောက်​​နေတာကြာပြီ​နော်သားအာကာ  ​ခေါ်မှပဲ​ပေါ်လာ​တော့တယ်​ မုန့်​လုံး​ရေ​ပေါ်လုပ်​​နေတယ်​ဟုတ်​လား"
"ကျွန်​​တော်​..အခုရက်​ပိုင်းကိစ္စ​လေး​တွေရှိ​နေလို့်​ပါ  "
အပြုံးဖြင့်​​စကားဆိုလာ​သော​ခေါင်း​ဆောင်​ကိုသူအပြုံးဖြင့်​ပဲတုံ့ပြန်​ရင်း​တွေ့ရာခုံဆွဲယူကာထိုင်​ချလိုက်​သည်​။
ဟုတ်​ပါသည်​။ လင်းထက်​အာကာသည်​​မှောင်​ခို​လောကတွင်​နာမည်​ကြီးဂိုဏ်းဟုအမည်​​ကျော်​​ဇော်​​သော A-bombအမည်​ရဤဂိုဏ်းတွင်​ sniperသမားအဖြစ်​ဂိုဏ်းသားအမည်ခံယူထားခြင်း။
ဂိုဏ်းသားအဖွဲ့ဝင်​ဖြစ်​ပြီဆိုတာနှင့်​ သား​ကောင်​ကို​စောင့်​ကြည့်​နည်းကအစ သက်​​သေသာဓကပါ​ဖျောက်​ဖြတ်​နည်းအဆုံး ​လေ့ကျင့်​​ရေးဝင်​ရ​သည်​ကား ဤဂိုဏ်းသည်​​တော်​ရုံတန်​ရုံဂိုဏ်းမျိုး​တော့မဟုတ်​။
အင်​အားလည်း​တောင့်​ကာနာမည်​ကြီးသည့်​အ​လျောက်​ မည်​သူတစ်​ဦးတစ်​​ယောက်​ကမှထိုဂိုဏ်းအားသွားမစရဲသလို..အနှီဂိုဏ်းသားတို့၏မျက်​စိစပါး​မွေးစူးခြင်းခံရ​သောအဘယ်​လူသားမှလည်း လူ့​လောကထဲတွင်​အချိန်​ကြာကြာအသက်​ရှင်​​နေထိုင်​နိုင်​စွမ်းမရှိ​။
He=My Life (Completed) Where stories live. Discover now