အပိုင်း ၁

29.5K 1K 20
                                        

       စိတ်ဝိဥာဉ်နိုးထခြင်း အဆင့်

သိုင်းပညာ

သိုင်းပညာက လူတစ်ယောက်၏ သေခြင်းရှင်ခြင်း သာမက ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးနိုင်သည်။ ဤကမ္ဘာမှာ သိုင်းပညာ အားနည်းသောလူတွေကို သိုင်းပညာကောင်းသည့်လူတွေက  အထင်အမြင်သေးသလိုဆက်ဆံကြ၏။သို့ဖြစ်၍ သိုင်းပညာအားနည်းသည့်လူများမှာ များစွာ အရှက်ရကြသည်။

သိုင်းဝိဥာဉ်

ဤကမ္ဘာ၌ လူတစ်ယောက်၏မွေးရာပါ စွမ်းရည်ကို သူ၏ စိတ်ဝိဥာဉ်ကို ကြည့်ပြီး ဆုံးဖြတ်ကြသည်။ သူ၏သိုင်းပညာအောင်မြင်မှု့တွေက သူ၏သိုင်းဝိဥာဉ်နှင့် ချိတ်ဆက်နေတယ်လို့ပင်  ပြောနိင်၏။

သိုင်းဝိဥာဉ် အမျိုးအစား အများကြီးရှိပေသည်။ မီး,ရေခဲ,ဟာရီကိန်း မုန်တိုင်း,အလင်းရောင် စသော သဘာဝ သိုင်းဝိဥာဉ်, ဓား,လှံ စသော အကာအကွယ် သိုင်းဝိဥာဉ်, အဖြူ ရောင်ကျား, ကြံ့,ကြမ်းတမ်းရက်စက်သော လူဝံ,  မြွေနဂါး စသော တောရိုင်း သိုင်းဝိဥာဉ် များရှိ၏ ။ ထို့အပြင် အင်မော်တယ် ဝိဥာဉ် ကဲ့သို့ အလွန်အမင်း အစွမ်းထက်သော စိတ်ဝိဥာဉ်များလည်း ရှိပေသည်။

သိုင်းပညာရှင်တစ်ယောက်၏ စိတ်စွမ်းအားကျင့်စဉ်တိုးတက်လာသည်နှင့်အမျှ သူ၏ ခွန်အားပါ တိုးတက်လာကာ သိုင်းဝိဥာဉ် ထွက်ပေါ်လာတတ်သည်။

ရန်ကျုံးမြို့, လင်း မိသားစု စံအိမ်

လင်းဖန် မျက်လုံးတွေပွင့်လာသည်။ ရှေးဟောင်းအခန်းတစ်ခုကို သူရောက်ရှိနေကာ ဒီအခန်းက သူနှင့်ရင်းနှီးနေသလို ခံစားနေရ၏။ သူ့မျက်လုံးတွေမှာ အချည်းနှီး ဖြစ်သွားသောပုံ အရိပ်အမြွက် ပေါ်လွင်လာသည်။

" ငါ အသက်ပြန်ရှင်လာတယ်လို့ ထင်လား..?? "

လင်းဖန် သူ့စိတ်ထဲမှာ တီးတိုး ရေရွတ်နေမိသည်။ ထိုအချိန်မှာပင် သူ့မျက်နှာထက်က ခါးသက်သော အပြုံးများ ပျောက်ကွယ်သွားပြီး နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးလေးတစ်ခု ထပ်မံ ခိုတွဲလာ၏။

သူသည် အစက ဟွာရှကျန်းနန်ကျောင်းမှ စီနီယာ ကျောင်းသားတစ်ယောက် ဖြစ်ပေသည်။ ရုတ်တရက် ကားတိုက်ခံရမှု့ကြောင့် အခြားကမ္ဘာသို့ စိတ်ဝိဥာဉ်လွင့်မျောရောက်ရှိလာကာ သူ့နာမည်နှင့် တူသော သခင်လေးတစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာခဲ့သည်။

PMG အတွဲ ( ၁ )Where stories live. Discover now