လှပချောမောသည့် မိန်းမပျို
ဒုတိယမင်းသားလေး၏ အပြုအမူကို လူအများမြင်သောအခါ သူတို့ထဲမှအချို့က လင်းဖန်အား မနာလိုနေကြ၏။ မည်သည့်အတွက် ဒုတိယမင်းသားလေးက လင်းဖန်ကို အခြားသူများနှင့် ကိုယ်တိုင်မိတ်ဆက်ပေးနေရပါသနည်း။
လင်းဖန်ကို လူအားလုံးနှင့် မိတ်ဆက်ပေးပြီးနောက် သွမ့်ဝူရသည် ဖန်ခွက်တစ်ခုကို ကိုင်၍မြှောက်လိုက်ပြီး ပြောလိုက်လေ၏။
“ ညီလေးလင်း…ဒီကဂုဏ်သရေရှိတဲ့လူငယ်တွေနဲ့အတူ ကမ်ပေ့လုပ်လိုက်ရအောင် ”
လင်းဖန်၏ဘေးတွင်ရှိနေသော ဝမ်အော်ရွှယ်က ဖန်ခွက်ထဲသို့ အရက်များလောင်းထည့်လိုက်ပြီင်္း လင်းဖန်ကို ပြောလိုက်လေသည်။
“ လင်းဖန်…အလွမ်းသေရည်ရဲ့အရသာကို မြည်းစမ်းကြည့်လိုက်ပါ။ အချစ်မှာဘယ်လောက်တောင် နစ်မျောသွားမယ်ဆိုတာ မြင်တွေ့ချင်စမ်းပါဘိ ”
လင်းဖန်၏စိတ်ထဲအတွေးစများပြန့်ကျဲနေသည်။ သွမ့်ဝူရသည် သူ့ကို ကြင်နာလွန်း၏။ ကြိမ်ဖန်များစွာကူညီခဲ့သည့်အပြင် မြင့်မြင်သောလူငယ်များနှင့်အတူ စားသောက်ပွဲဖြင့် တည်ခင်းဧည့်ခံသည်။ မည်သည့်အတွက် ထိုကဲ့သို့ ပြုမူနေရလဲဆိုတာ သူနားမလည်နိုင်အောင် ဖြစ်နေရ၏။
သွမ့်ဝူရသည် သူ့ကို အလွန်ယဉ်ကျေးစွာဆက်ဆံခဲ့သည်ဖြစ်ရာ သူ၏ဖိတ်ခေါ်မှု့ကို မငြင်းဆန်တော့ပေ။ ခေါင်းအနည်းငယ်ငြိမ့်ပြလိုက်ပြီး ဖန်ခွက်ကို ကိုင်မြှောက်လိုက်၏။ သူ၏ဖန်ခွက်မှ မွှေးပျံ့သောရနံ့များထွက်ပေါ်နေသည်။
လူအများစုက သူတို့၏ဖန်ခွက်များကို ကိုင်မြှောက်လိုက်သည်။ သူတို့ထဲမှ အများစုမှာ လင်းဖန်ကို မနှစ်သက်သော်လည်း ဒုတိယမင်းသားလေး၏မျက်နှာသာပေးခံရမှု့ကို လိုချင်နေသေး၏။
သို့ရာတွင် ယွဲ့တျန်ချိန်သည် သူ့ရှေ့မှဖန်ခွက်ကိုကြည့်ကာ မလှုပ်မယှက်ထိုင်နေသည်။
သူသာလျှင် မဟုတ် ယွဲ့တျန်ရှင်းသည်လည်း လှုပ်ရှားခြင်းမရှိချေ။ ဖန်ခွက်များကို ကိုင်မြှောက်နေကြသည့် လူများကိုသာ ကြည့်နေလေ၏။
