အပိုင်း ( ၆၈ )

2.8K 486 2
                                        

အဆင့်လွန် ဓားပညာရှင်

လက်ရွေးစင်ကျောင်းတော်သား ရွေးချယ်ပွဲ၏ ပထမအဆင့်ကို ကျောင်းတော်သားအားလုံး တက်ရောက်ကြရ၏။ အဘယ်ကြောင့်ဆိုသော် စိန်ခေါ်ချင်သောလူကို စိန်ခေါ်၍ ရသောကြောင့်ပင်။

လီလင်းသည်လည်း ထိုစည်းကမ်းကို လိုက်နာသည်။

လင်းဖန်က သူ့ကိုစိန်ခေါ်လိုက်တာ ကြားရသောအခါ လီလင်း၏နှလုံးတွေခုန်သွားရသည်။ ဤလူငယ်သည် လင်းချီစုဆောင်းမှု့အဆင့်ကို ရောက်နေတာဖြစ်ပြီး သူ့ကိုလက်စားချေချင်နေတာဖြစ်ရမည်။

သို့သော် လင်းဖန်က သူတစ်ယောက်တည်းမဟုတ်ဘဲ ရွှီဟောင်ကိုပါ စိန်ခေါ်ထားသည့်အတွက် လီလင်းစိတ်သက်သာရာ ရသွား၏။

ရွှီဟောက်က လီလင်းထက် အဆပေါင်းများစွာ သာလွန်သည်။ သူ့မှာ အလွန်တရာ အစွမ်းထက်သော ဓားဝိညာဉ်ရှိနေပြီး ပါရမီရှင်တစ်ယောက်ဟူ၍ ထင်ရှားသည်။ လင်းဖန်က သူ့ကို စိန်ခေါ်လိုက်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးတာ ဖြစ်ရမည်။

သေခြင်းရှင်ခြင်းစိန်ခေါ်ပွဲကွင်းပြင်အတွင်းသို့ ဝင်ရောက်သွားသောအခါ လီလင်းမှာ တုန်လှုပ်စပြုလာသည်။ လူအားလုံးက သူ့ကိုကြည့်နေတာ မြင်နေရသောအခါ နှလုံးခုန်သံကိုပင် ပြန်ကြားနေရသလို ခံစားနေရတော့၏။

" မင်းဘာလုပ်နေတာလဲ ။ သူ့ကိုတိုက်ပွဲစင်မြင့်ပေါ်ခေါ်ပြီး ဘာလုပ်မလို့လဲ "

ရွှီဟောက်က လင်းဖန်ကိုကြည့်လျက် မေးလိုက်လေ၏။ သူဆွံ့အသွားရသည်။ ထို့အပြင် လီလင်းကဲ့သို့ အစွမ်းနည်းသူနှင့် အတူတူရှိနေတာကို သူ ရွံ့မုန်းသည်။

" ငါက မင်းတို့နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်းတိုက်ခိုက်မှာ "

လင်းဖန်က ရွှီဟောက်ကို ပြန်အဖြေမပေးဘဲ သူပြောလိုရာကိုသာ ပြောလိုက်၏။ သို့သော် ထိုအေးစက်စက်စကားလုံးတွေက ရွှီဟောက်ကို ဒေါသထွက်သွားစေသည်။

မိုက်ရူးရဲဆန်ခြင်း...

အဆင်ခြင်ဥာဏ်ကင်းမဲ့ခြင်း...

ယွမ်ဟိုင်ကျောင်းတော်၏ သမိုင်းတွင် နှစ်ထောင်ပေါင်းစွာကတည်းက လက်ရွေးစင်ကျောင်းတော်သားရွေးချယ်ပွဲမှာ အဆင့်မြင့်ကျောင်းတော်သားနှစ်ယောက်ကို တစ်ပြိုင်နက်တည်းစိန်ခေါ်တာမျိုး မည်သူမျှ မလုပ်ခဲ့ဖူးပေ။

PMG အတွဲ ( ၁ )Where stories live. Discover now