ဓားပညာ နိုးထခြင်းအဆင့်
ယွီကျောက်က လင်းဖန်ကို စိုက်ကြည့်နေရာ သူမ၏ ညှို့ဓာတ်ပြင်းလှသည့် အကြည့်မှာလည်း ကွယ်ပျောက်သွားလေသည်။ ယခုအချိန်မှာတော့ သူမအသွင်က ကြောက်လန့်နေသော မိန်းမပျိုလေးတစ်ယောက်သာ...
ဤအချိန်မတိုင်ခင်က လင်းဖန်ထုတ်လွတ်လိုက်သော ချီစွမ်းအားမှာ လင်းချီစုဆောင်းမှု အဆင့်ငါးသာရှိသေးသော်လည်း ဓားစွမ်းအားကို မည့်ကဲ့သို့ ထိန်းချုပ်ရမည်ဆိုတာ ပြီးပြည့်စုံစွာ သူသိနေခဲ့သည်။ ကဲချိန်က သူ့ကို လျှော့တွက်ခဲ့သောကြောင့် သတ်ပစ်လိုက်သည်။ လင်းဖန်က သူ၏ပြိုင်ဘက်ကို အမှန်တကယ် အာရုံမစိုက်ခဲ့ပေ။ သို့သော်လည်း ထိုကဲ့သို့ သဘောမထားလျှင်ပင် လင်းဖန်က အလွန်စွမ်းအားကြီးမားသည်ကို မငြင်းဆန်နိုင်ပေ။ အမှန်တကယ်ပဲ သူ၏စွမ်းအားက လင်းချီစုဆောင်းမှု အဆင့်ခြောက်ရှိသော သိုင်းပညာရှင်အချို့ကို ခြိမ်းခြောက်ရန် လုံလောက်ပေ၏။
ယွီကျောက်မှာ မျက်မှောင်ကြုတ်သွားသည်။ သူမက လင်းဖန်ကို တစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။ လင်းဖန်က သူမ၏နာမည်ကို ဖယ်ရှားလိုက်သည့်အတွက် ရွံရှာမုန်းတီးမိသော်လည်း သူမ၏ ဂရုမစိုက်မှုကြောင့် ကဲချိန်မှာ သူ့ဘဝကို ဆုံးရှုံးခဲ့ရသည်။
ယွီကျောက်က တခစ်ခစ် ရယ်မောလိုက်ပြီး ကျူးနင်ကို နူးညံ့စွာ ပြုံး၍ပြောလိုက်သည်။
"ကျူးနင် .. ကဲချိန်က အသုံးမကျတဲ့အပြင် ပြိုင်ဘက်ကိုတောင် လျှော့တွက်ခဲ့တယ်။ ဒီကောင်က စွမ်းအားတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိပေမယ့် လင်းချီစုဆောင်းမှု အဆင့်ခြောက်ရှိတဲ့ သိုင်ပညာရှင်တစ်ယောက်က သူ့ကို သေချာပေါက် ရှုံးနိမ့်စေနိုင်တယ်... "
ကဲချိန်က အသုံးမကျပြီး ပြိုင်ဘက်ကို လျော့တွက်ခဲ့သည်ဟု သူမက ပထမဦးစွာပြောခဲ့သည်။ ထို့နောက် လင်းချီစုဆောင်းမှု အဆင့်ခြောက်ရှိသော သိုင်းပညာရှင် တစ်ယောက်က လင်းဖန်ကို ရှုံးနိမ့်စေနိုင်သည်ဟု ထပ်ပြောခဲ့ပြန်သည်။ သို့သော် လင်းချီစုဆောင်းမှု အဆင့်ခြောက်ရှိသော တစ်ယောက် အသတ်ခံလိုက်ရသည်က ဆန်းကြယ်သော ဇာတ်လမ်းတစ်ပုဒ်ပေလော။
