အပိုင်း ( ၁၆၈ )

2.1K 272 2
                                        

တားမြစ်နယ်မြေ

“ သန်မာအစွမ်းထက်သူဖြစ်လာခြင်း ”

ယွမ်ဟိုင်ကျောင်းတော်သားအားလုံး၏မျက်နှာက ဒေါသကြောင့် နီရဲလာ၏။ လင်းဖန်ပြောသည်မှာ မှန်ကန်လှသည်။ အကယ်၍ ယွမ်ဟိုင်ကျောင်းတော်သာ သန်မာအစွမ်းထက်နေခဲ့လျှင် မည်သူက ဖျက်ဆီးဝံ့ပါမည်နည်း။ သူတို့သာ သန်မာနေခဲ့လျှင် မည်သူက သူတို့၏မျက်နှာမှာ ကျွန်အမှတ်အသားထွင်းထုဝံ့ပါမည်နည်း။

သဘာဝလွန်အစွမ်းထက်မြက်သည့် သိုင်းပညာရှင်များသည် ကျောင်းတော်တစ်ခုလုံးကို ချေမှုန်းနိုင်သည့်အပြင် နိုင်ငံတစ်နိုင်ငံလုံးကိုပါ ဖျက်ဆီးပစ်နိုင်၏။ ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခါနိုင်စွမ်းရှိအောင် ပြုလုပ်နိုင်သူများဖြစ်သည်။ သို့သော်လည်း အစွမ်းနိမ့်သူများကား အဆုံးစွန်ထိ အရှက်ခွဲခံရကာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြုမူဆက်ဆံခြင်းခံရ၏။ ယွမ်ဟိုင်ကျောင်းတော်သည်လည်း အစွမ်းနည်းသောကြောင့် ဖျက်ဆီးခြင်းခံခဲ့ရသည် မဟုတ်လော။

လင်းဖန်သည် လူများကိုကြည့်၍ သူ့စကားလုံးများက အကျိုးသက်ရောက်မှု့ရှိသည်ကို ခံစားမိလိုက်၏။ သူတို့အားလုံးက လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားလေရာ သူတို့လက်မှာရှိသည့် ကြွက်သားများကို ထွင်းဖောက်မြင်နေရသည်။ သူတို့၏စိတ်နှလုံးသားသည် ရှက်ရွံ့ခြင်းများနှင့်ပြည့်နေ၏။ ယခုအခါမှာတော့ ရှက်ရွံ့ခြင်းနှင့် အရှက်ခွဲခံရခြင်းဆိုသော စကားလုံးများ၏ ဆိုလိုချက်ကို ကောင်းမွန်စွာနားလည်သွားသည်။ ဤကမ္ဘာကြီးသည် အစွမ်းထက်မြက်သူများအတွက်သာလျှင် ဖြစ်တည်နေကြောင်း သိရှိသွား၏။ သူတို့သာ စိတ်ဓာတ်ခိုင်မာပြတ်သားနေလျှင် များစွာအစွမ်းထက်လာပေလိမ့်မည်။

ရုတ်တရက် လင်းဖန်၏လက်မှာ လျင်မြန်ခြင်းကျင့်စဉ်အချို့နှင့် သိုင်းကျင့်စဉ်များပေါ်လာ၏။ ဤကျင့်စဉ်များသည် ယွမ်ဟိုင်ကျောင်းတော်၏ဗိမာန်ထဲမှ ရရှိခဲ့သောအရာများဖြစ်သည်။ ယခုအခါ သူသည် ခေါင်းဆောင်ဖြစ်လာပြီဖြစ်လေရာ ကျောင်းတော်သားများကို သိုင်းစွမ်းထက်မြက်လာစေရန်အတွက် ဤကျင့်စဉ်များလိုအပ်ပေ၏။

PMG အတွဲ ( ၁ )Where stories live. Discover now