အပိုင်း ( ၉၀ )

2.7K 471 8
                                        

ဝမ်းနည်းပူဆွေးခြင်း

" လင်းဖန်..ဒီလိုဖြစ်လာမယ်ဆိုတာ မင်းသိနေတယ်မလား "

မိုရွှီမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲလာသလိုခံစားလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။ လင်းဖန်က အရိပ်လူပေါ်ထွက်လာမှာကို သိသောကြောင့် သူ၏တိုက်ခိုက်မှု့ကို မရှောင်ဘဲ သူစိတ်တိုင်းကျ တိုက်ခိုက်ခွင့်ရအောင် လုပ်ခဲ့သည်ဟု သူထင်နေသည်။

သို့သော် လင်းဖန်က အရိပ်လူပေါ်ထွက်လာမှာကို သိရှိနေခဲ့လျှင် နောက်ဆုံးအကြိမ် စိတ်အာရုံနတ်ဆိုး၏ဝါးမြိုခြင်းခံလိုက်ရစဉ်က မည်သည့်အတွက် အရိပ်လူမပေါ်ထွက်လာခဲ့သနည်း။ မိုရွှီစဉ်းစားနေမိ၏။

" အကြီးအကဲ "

မိုရွှီမှာ လှုပ်ရှားရန်မကြိုးစားရဲဘဲ အရိပ်လူအား ပြောလိုက်လေ၏။ ခဏလေးအတွင်း သူ့အသက်သေဆုံးသွားရမှာကို သူအလွန်ကြောက်ရွံ့နေသည်။

" ကျောင်းတော်က မင်းတို့လို ကိုယ်ကျိုးကြည့်တဲ့ အကြီးအကဲတွေကြောင့် ပျက်စီးနေရတာ "

အသံက အရပ်မျက်နှာတိုင်းမှ ထွက်ပေါ်လာလေ၏။ ရုတ်တရက် အစိမ်းနက်ရောင် အလင်းတန်းတစ်ခုက အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် လေထုကိုဖြတ်၍ လင်းလက်လာ၏။ လူရိပ်ကိုမမြင်တွေ့ရဘဲ အလင်းတန်းသာလျှင် လေထဲမှာ လင်းလက်နေသည်။ အလင်းရောင်ပျောက်ကွယ်သွားသောအခါ နောက်ဆုံးမှာတော့ လူရိပ်တစ်ခု ပီပြင်ထင်ရှားစွာ ပေါ်ပေါက်လာလေသည်။ ထိုလူသည် အနက်ရောင်ဝတ်ရုံကိုလွှမ်းခြုံထားပြီး မျက်နှာကို ဖုံးကွယ်ထားလေ၏။ ရုတ်တရက်ချက်ချင်း လူရိပ်သည် ထိပ်ဖျားမှာ သွေးများ စွန်းထင်းနေသော ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။

ထိုသွေးများသည် မိုရွှီ၏သွေးများဖြစ်သည်။

မိုရွှီကား မူလနေရာမှာ လှုပ်ရှားခြင်းကင်းမဲ့စွာ မတ်တပ်ရပ်နေလေသည်။

သူ့မျက်လုံးတွေကား ပြူးကျယ်နေပြီး အချိန်ခဏလေးအတွင်းမှာ အကြီးအကဲက သူ့အသက်ကိုနှုတ်ယူသွားနိုင်လိမ့်မည်ဟူ၍ ထင်မှတ်ထားပုံမရပေ။

PMG အတွဲ ( ၁ )Where stories live. Discover now