အပိုင်း ( ၁၁ )

4.1K 517 0
                                        

    လက်စားချေခြင်း

ပြန်ရောက်ပြီး သုံးရက်ကြာသောအခါ..

လင်းဖန်သည် သူ၏အခန်းထဲမှာ စိတ်စွမ်းအားလေ့ကျင့်နေ၏။ယခုအခါ သူသည် ကောင်းကင်မြေစွမ်းအား ချီဓာတ်ကို ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်လာ၏။ပါးလွှာသော မြူ နှင်းထုက သူ၏အခန်းလေထုထဲမှာ ဖြစ်ပေါ်လာကာ ရောင်စုံအရောင်ဖျော့ဖျော့လေးကို ထုတ်လွှတ်နေသည်။

ပုံရိပ်ယောင် အမှောင်ဝိဥာဉ်သည် လင်းဖန်၏ခန္ဓာကိုယ်အနီး လွင့်မျောနေ၏။ထိုအမှောင်ဝိဥာဉ်ကား စကြာဝဋ္ဌာစွမ်းအားများကို စုပ်ယူနေကာ ကိုယ်ပိုင်စွမ်းအင်အဖြစ်သို့ ပေါင်းစည်းနေ၏။အကယ်၍ လင်းဖန်သာ သူ၏စိတ်ဝိဥာဉ်ကို မြင်နိုင်ခဲ့လျှင် သူ၏အမှောင်ဝိဥာဉ်သည် ပီပြင်ထင်ရှားစွာဖြစ်ပေါ်နေပြီး လူတစ်ယောက်၏လက်မ ပုံစံဖြစ်ပေါ်နေသည်ကို သတိထားမိလိမ့်မည်။

ထိုအချိန်၌ လင်းဖန်၏ခန္ဓာကိုယ်ပတ်လည်မှာရှိသော ကမ္ဘာမြေစွမ်းအား ချီဓာတ်များသည် ရုတ်တရက်ပင် လင်းဖန်၏ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာကာ ခန္ဓာကိုယ်အနှံ့ ပြေးဝင်လှုပ်ရှားနေသည်။လင်းဖန်၏မျက်လုံးအစုံမှာ သူ၏ကိုယ်တွင်းသို့ထိုးဖောက်ဝင်ရောက်ကာ လှည့်ပတ်နေသော သာမန်ထက်ပိုသည့်စွမ်းအားများကြောင့် အလွန်အမင်းအံသြကာ မှိတ်ထားရာမှ ပွင့်လာလေသည်။သူ၏ကိုယ်တွင်းသို့ ဝင်ရောက်လာခဲ့သော ချီစွမ်းအားများသည် သူ့ကို ချီစုဆောင်းမှု့ အဆင့်ရှစ်သို့ ဖြတ်ကျော်ရောက်ရှိသွားစေခဲ့သည်။

" ငါက အဖိုးတန်ဆေးပြားသုံးပြားကို စားခဲ့တယ်။အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ နောက်ဆုံးမှာတော့ ချီစုဆောင်းမှု့အဆင့် ရှစ်ကို ရောက်ရှိသွားခဲ့ပြီ.."

လင်းဖန်က သူ့ကိုယ်သူ ပြောလိုက်ကာ ပြုံးရင်း တွေးနေမိ၏။မူလက သူသည် ချီစုဆောင်းမှု့အဆင့် 7 ၌ရှိနေပြီး နောက်တစ်ဆင့်သို့ တက်ရောက်ရန် နီးစပ်သော အခြေအနေမှာ ရှိမနေခဲ့ပေ။စိတ်စွမ်းအားလေ့ကျင့်ရာ၌ ချီစုဆောင်းမှု့အဆင့် 8 သို့ ရောက်ရှိရန်ဆိုသည်မှာ အလှမ်းကွာဝေးသော ကိစ္စတစ်ခုဖြစ်၏။အဖိုးတန်ဆေးပြား သုံးပြားသည် သူ့အတွက် နောက်တစ်ဆင့်သို့ တက်ရောက်ရန် အဖိုးတန်နေခဲ့၏။သို့သော် ထိုရင်းနှီးမှု့သည် ထိုက်တန်နေသည်။

PMG အတွဲ ( ၁ )Where stories live. Discover now