အပိုင်း ( ၁၀၆ )

2.6K 391 5
                                        

သွမ့်မျိုးနွယ်စု၏ ပါရမီရှင်

အကယ်၍ လင်းဟိုင်၏မျက်ခုံးမွှေးနှစ်ခုကြားမှာ တံဆိပ်နှိပ်ထားသော တံခါးအမှတ်အသားရှိနေခဲ့လျှင် သွမ့်မျိုးနွယ်စုအဖွဲ့ဝင်တစ်ယောက်နှင့် ပြဿ     နာတက်လာခဲ့တာဖြစ်ရမည်။

ရန်ကျုံးမြို့မှ မထွက်ခွာခင်က လင်းဟိုင်သည် အင်ပါယာမြို့တော်သို့ သွားမည်ဖြစ်ကြောင်း လင်းဖန်အားပြောပြခဲ့၏။

လင်းဖန်၏အတွေးစများသည် လွင့်ပျံ့နေတော့သည်။ သူ့အဖေသည် သွမ့်မျိုးနွယ်စုအဖွဲ့ဝင်တွေကို မုန်းတီးနေခြင်းအား သတိရလာ၏။ စိတ်အပန်းဖြေရန်အတွက် အင်ပါယာမြို့တော်သို့ သွားတာ မဖြစ်နိုင်ပေ။ ပြဿ     နာသွားဖြေရှင်းခြင်းသာ ဖြစ်ရမည်။

“အဖေ..အန္တရာယ်တွေနဲ့ တွေ့နေပြီလား။ ဒီတစ်ခေါက် အင်ပါယာမြို့တော်မှာ အဖေ့ကို သေခြာပေါက်ရှာရမယ် ”

သူ့အဖေနှင့် သွမ့်မျိုးနွယ်စုကြားရှိ ပဋိပက္ခများကို သူမသိပေ။ သူ့အဖေကိုတွေ့ခဲ့လျှင် ထိုအကြောင်းများအား သိရှိရန်ကြိုးစားရပေမည်။ သူ့အဖေက သူ၏အမေအကြောင်းကို မည်သည့်အခါကမျှ မပြောခဲ့တာကို လင်းဖန် ချက်ချင်းသတိရသွားသည်။ ဤအရာကား အလွန်ထူးဆန်းပေ၏။

“ လင်းဖန် ”

မိန်ချင်းက အတွေးစတွေထဲလွင့်မျောနေကာ ထူးဆန်းနေသော လင်းဖန်အားကြည့်လျက် ခေါ်လိုက်ရာ လင်းဖန်ပြန်လည်သတိရလာ၏။ မိန်ချင်း၏ခေါ်သံကြောင့် လင်းဖန်အံ့အားသင့်သွားရပြီး ပြန်လည်ပြောလိုက်သည်။

“ငါအဆင်ပြေပါတယ်။ သွမ့်ဖန်..အင်ပါယာမြို့တော်ကို ဘယ်အချိန်ရောက်မလဲ ”

“ ဒီနှုန်းအတိုင်းသာ သွားမယ်ဆိုရင် အင်ပါယာမြို့တော်ကို အနည်းဆုံး နောက်ထပ်ငါးရက်ခြောက်လောက်ဆိုရင် ရောက်နိုင်ပါတယ်  ”

“ကျင်းယွမ်ကို အနားပေးသင့်ပြီ။ ငါမောင်းလိုက်မယ်။ ပိုမြန်သွားတာပေါ့ ”

လင်းဖန်ကပြောလိုက်၏။ လင်းဖန်၏ဆိုလိုချက်ကို သွမ့်ဖန်မသိသော်လည်း ခေါင်းညိတ်ပြလိုက်၏။ ပိတ်လှောင်ထားသော တံခါးများအကြောင်း ကြားတာနှင့် လင်းဖန်၏ပုံသံတစ်မူထူးခြားသွားတာကို တွေ့ရသဖြင့် သူအံ့ဩနေသည်။

PMG အတွဲ ( ၁ )Where stories live. Discover now