လင်းဖန်..ခွေးကောင်.!!
"ငါ နင့်ကို သုံးကြိမ်တိုင်တိုင် အနိုင်ယူထားတယ်။ အခု ငါ့ကို တောင်းပန်လိုက်ပါ.. ဒါဆို သနားတဲ့အနေနဲ့ နင့်ကို သွားခွင့်ပြုလိုက်မယ် "
လျန်ဖေးက အေးစက်စက်ပြောလိုက်လေ၏။
" သုံးကြိမ် အနိုင်ယူခဲ့ဖူးတယ်လား...။ ကြင်နာသနားတဲ့အနေနဲ့ သွားခွင့်ပြုမယ်ပေါ့ "
လင်းဖန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး
" မင်းအတွက် နေရတာ စိတ်ကသိကအောက် ဖြစ်လွန်းနေရင်တော့ မင်းပဲ ထွက်သွားလိုက်ပါ "
လင်းဖန်နှင့် လျန်ဖေးတို့ အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးပြီးလေပြီ။ ဤကောင်မလေးက မာနကြီးကာ မောက်မာဝံ့ကြွားသူဖြစ်ပြီး တခြားသူ၏အကူအညီကို လက်ခံတတ်သူမဟုတ်ကြောင်း လင်းဖန်သိသည်။ သို့ဖြစ်၍ လက်ရွေးစင်ကျောင်းတော်သား ရွှီဟောက်က လင်းဖန်ကို သတ်ရန် သူမအား ကူညီပေးချင်သောအခါက သူမက ငြင်းဆန်ခဲ့လေသည်။ အကယ်၍ ထိုအချိန်က သူမသာ ခေါင်းညိတ်ခဲ့လျှင် ရွှီဟောက်က လင်းဖန်ကို သတ်လိမ့်မည်ဖြစ်၏။
ထို့ပြင် တောက်ခြေမှာ လင်းဖန်ကို တွေ့သောအခါက သွေးနီမြင်း စီးလာသော သူများကို ကျောင်းတော်က လူတစ်ယောက်လို့ ပြောပြီး သူ့ကို မသတ်ခဲ့ပေ။ သူမက လက်စားချေတာကို သူမကိုယ်တိုင် ပြုလုပ်ချင်သူဖြစ်၏။
ထို့အတွက် လင်းဖန်က ဤကောင်မလေးက အတော်လေး ရွံ့ရှာမုန်းတီးဖွယ်ကောင်းသူတစ်ယောက်ဟူ၍ ထင်နေခဲ့လျှင်တောင်မှ သူမကို ယုတ်ညံ့သူတစ်ယောက်လို့ ထင်မှတ်မည် မဟုတ်ပေ။ ပထမအကြိမ်တွေ့ဆုံခဲ့စဉ်က သူမနေရာသို့ လင်းဖန်ရောက်လာခဲ့တာက မတော်တဆဖြစ်သွားတာ မဟုတ်ဘဲ သက်သက်အကြံဖြင့် လာရောက်သောလူ အကျင့်ပျက်သူတစ်ယောက်ကဲ့သို့ ထင်သွားတာ ဖြစ်ရမည်။
" စိတ်ကသိကအောက် ဖြစ်တယ်လား "
ယခုအချိန်၌ လျန်ဖေးသည် လင်းချီစုဆောင်းမှု့အဆင့်သို့ ချိုးဖျက်ဝင်ရောက်နေပြီဖြစ်သောကြောင့် ယုံကြည်မှု့ရှိစွာနှင့် အေးစက်စက်ပြောလိုက်လေသည်။ ထို့နောက်ဆက်၍
