အပိုင်း ( ၈ )

4.1K 529 0
                                        

ငရဲဝံပုလွေ

လင်းဖန်၏စကားလုံးများသည် ကျင်းယွမ်တို့သုံးယောက်သားကို တအံ့တသြဖြစ်သွားစေ၏။သူတို့၏မျက်နှာများမှာ အလွန်အမင်းအံ့သြနေပုံထင်ရှားနေကာ လင်းဖန်ကို ကြည့်လိုက်ကြသည်။ ရုတ်တရက်ချက်ချင်း လင်းဖန်က နှောက်နှေးကြန့်ကြာခြင်းမရှိစေပဲ လျင်မြန်စွာ ရှေ့ကို ပြေးထွက်လိုက်၏။

" လင်းဖန် ဒီအချိန်က နင့်ရဲ့အစွမ်းကို ပြရမယ့်အချိန်မဟုတ်သေးဖူး.."

ကျင်းယွမ်၏ မျက်နှာထက်တွင် အလွန်အမင်းစိုးရိမ်ပူပန်နေပုံရကာ လင်းဖန်ကို ပြောလိုက်လေ၏။သူတို့သည်လင်းဖန်၏သိုင်းပညာကို မတွေ့မြင်ဖူးသော်လည်း လင်းဖန်ကား ယွမ်ဟိုင်ကျောင်းတွင် အသုံးမကျသည့်ကောင်လို့ ကျော်ကြားလေသည်။ဒီရက်တွေအတွင်းမှာ လင်းဖန်အနေဖြင့် သိုင်းပညာကို အားသွန်ခွန်စိုက်ကြိုးစားခဲ့တာတောင်မှ သူတို့နှင့်အဆင့်တူသာဖြစ်၏။သို့ဖြစ်၍ အဆင့် ရှစ် မျောက်ဝံကို တိုက်ခိုက်ရန်ပြင်နေသော သူ၏လုပ်ရပ်သည် ဖြစ်နိုင်ဖွယ်ကိစ္စမဟုတ်ချေ။

လင်းဖန်ကား ဘယ်သူမှမဟန့်တားနိုင်ခင်မှာပင် ရှေ့ကိုရောက်ရှိသွားခဲ့ချေပြီ။မျောက်ဝံသည် ရဲတင်းစွာနဲ့ တိုက်ခိုက်ရန် ရှေ့ကို ပြေးလာသော သူ့ကို တွေ့မြင်သွား၏။မျောက်ဝံကြီးသည် ဒေါသတကြီးနှင့် သူ၏ တုတ်ခိုင်ကြီးမားသော ခြေထောက်ကြီးများကို မြေပေါ်ဆောင့်လိုက်ရာ မြေကြီးပင်တုန်ခါသွားသည်။ချက်ချင်းပင် မျောက်ဝံကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လင်းဖန်ထံသို့ အရှိန်အဟုန်နှင့် ပြေးဝင်သွား၏။မျောက်ဝံကြီး၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှု့များ ပြည့်နေကာ   ၎င်း၏ထူထဲလှသော အမွှေးများသည် လင်းဖန်ကို ရစ်ပတ်တော့မည်ကဲ့သို့ ဖြစ်စေနိုင်သည်။မျောက်ဝံကြီးဖြတ်သွားသောလမ်းတစ်လျှောက်တွင် ငလျင်လှုပ်လိုက်သလို တုန်ခါနေလေသည်။

အဆင့်ရှစ်မျောက်ဝံကြီးကို ရင်ဆိုင်ရန်ပြင်နေသော လင်းဖန် ကိုကြည့်ကာ ကျင်းယွမ်၏နှလုံးသားမှာ ထိတ်လန့်ကြောက်ရွံ့မှု့ကြောင့် တဖျတ်ဖျတ်ခုန်နေ၏။ မျောက်ဝံကြီးကား စူးရှကျယ်လောင်သော အသံကြီး အော်ဟစ်လိုက်ကာ လင်းဖန်ထံသို့ တိုးဝင်သွားတော့၏။

PMG အတွဲ ( ၁ )Место, где живут истории. Откройте их для себя