အပိုင်း (၁၇၁)

1.7K 215 3
                                        

စည်းမျဉ်းများ

လင်းဖန်က ကဲချိန်ကို သတ်လိုက်သည့် အကြောင်းပြချက်မှာ ကဲ့ချိန်က လင်းဖန်ကို လျော့တွက်ခဲ့သောကြောင့်ဖြစ်နိုင်၏။ တစ်ချိန်တည်းမှာပင် ကျူးနင်ကိုလည်း သူတိုက်ခိုက်ခဲ့လေသည်။

သို့ရာတွင် ကျူးနင်က ကဲချိန်၏ သေဆုံးမှုကို မျက်မြင်တွေ့ခဲ့ရပြီးနောက် လင်းဖန်ကို အလွယ်တကူရှုံးနိမ့်စေရန်မှာ ကျူးနင်အတွက် မဖြစ်နိုင်ပေ။ တိုက်ပွဲစကတည်းက ကျူးနင်က အမြင့်ဆုံးစွမ်းအားကို အသုံးပြုခဲ့သည်။ သူက လင်းယုန်ဝိဥာဉ်ကို  တိုက်ရိုက်ထုတ်လွတ်၍ အမြင့်ဆုံးစွမ်းရည်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း လင်းဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ လင်းဖန်သည် လင်းချီစုဆောင်းမှု အဆင့်ငါးရှိသော စွမ်းအားဖြင့်ပင် ကျူးနင်ကို သုတ်သင်ပစ်လိုက်သည်။ ကျူးနင်မှာ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ဘဲ ရိုးစင်းသော ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရ၏။

" ဒီလူငယ်က ကျူးနင်ကို သတ်ပစ်ရလောက်အောင် အင်မတန်အစွမ်းထက်တာပဲ။ သူ့ကို အရင်က ဘာလို့ မမြင်ဘူးရတာလဲ..? "

လူအများအပြားမှာ လေးထပ်မြောက်တွင် စုရုံးလာကြသည်။ သူတို့က သူတို့၏ထင်မြင်ချက်များကို တီးတိုး ပြောနေကြသည်။ လင်းဖန်က ကျူးနင်ကို အလွန်ရိုးစင်းသော ဓားတစ်ချက်တည်းဖြင့် မည်ကဲ့သို့ သတ်လိုက်သည်ကို သူတို့အားလုံး မြင်လိုက်ကြရသည်။

"ဟဲဟဲ.. မင်း သူ့ကို မသိဘူးလား..? ။ သူ့နာမည်က လောလောဆယ် သင်တန်းကျောင်းထဲမှာ ပျံ့နှံ့နေတဲ့ နာမည်ပဲ.. "

"လင်းဖန်... "

ယွီကျောက် အံ့အားသင့်သွားလေ၏။ အရာရာကို အလေးအနက်ထားတတ်ပြီး ကိုယ့်ကိုယ်ကို အလွန်ယုံကြည်မှုရှိသေည့် အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနှစ်နှစ်သာရှိသော စစ်မှန်သည့် ဓားပညာရှင်တစ်ယောက်.... ။ ယွီကျောက်မှာ လင်းဖန်နှင့်ပက်သက်၍ သူမပြောခဲ့သည့်အရာအာလုံးကို ပြန်လည်တွေးတောမိလိုက်သောအခါ နှလုံးခုန်နှုန်း မြန်ဆန်လာလေ၏။

"လင်းချီစုဆောင်းမှု အဆင့်ငါးနဲ့ သူက ကဲချိန်နဲ့ ကျူးနင်ကိုတောင် သတ်နိုင်တယ်။ သူ့ကို အရင်က မမြင်ဖူးပါဘူး။ လင်းဖန်ဆိုတာ  ဒီလူငယ်ကိုး "

PMG အတွဲ ( ၁ )Where stories live. Discover now