ရန်ငြိုးထားခြင်း
လင်းဖန်က ဝမ်ရိန်ရန်၏စကားကို မကြားသည့်ပုံပေါ်နေသည်။ အမှန်တကယ်တော့ လင်းဖန်က သူပြောနေတာနှင့်ပတ်သက်ပြီး ဂရုမစိုက်ပေ။ ထိုကဲ့သို့ လေလုံးထွားသော လူများသည် ယှဉ်ပြိုင်ကြည့်လျှင် သူတို့မာနကြီးခဲ့သလောက် အစွမ်းမရှိပေ။
" ဟန်မန်း..မင်းကို ဒဏ်ရာရအောင် တိုက်ခိုက်တာ သူလား "
လင်းဖန်က ဟန်မန်းကို မေးလိုက်လေ၏။ ဝမ်ရိန်ရန်သည် ဟန်မန်းကို တိုက်ခိုက်ကာ ဒဏ်ရာရအောင် လုပ်ခဲ့သောလူဖြစ်၏။
" ဟုတ်တယ် "
ဟန်မန်းက ခေါင်းညိတ်ပြလိုက်လေ၏။ ထို့နောက် လင်းဖန်၏ နား, နားသို့ကပ်၍ တိုးတိုးလေးပြောလိုက်လေသည်။
" ဝမ်ရိန်ရန်က တုဖူးလောက်တောင်အစွမ်းမရှိဖူး။ အခု တုဖူးက အဓိကကျောင်းတော်သားဖြစ်သွားတော့ သူက လက်ရွေးစင်ကျောင်းတော်သား ဖြစ်နေတာ။ သူက အစွမ်းထက်ပြီး ဒေါသကြီးတယ်။ ငါက လက်စားပြန်မချေနိုင်သေးဖူး။ မင်းက မကြာခင်မှာ ငါ့အတွက် လက်စားချေပေးလိမ့်မယ်လို့ ငါယုံတယ် "
သူက အစွမ်းထက်တယ်လား။
လင်းချီစုဆောင်းမှု့အဆင့်သုံးကို ရောက်နေသော လက်ရွေးစင်ကျောင်းတော်သားတစ်ယောက်သည် ထိပ်ဆုံးအဆင့် လက်ရွေးစင်ကျောင်းတော်သားအဖြစ်သို့ အခက်အခဲမရှိ ရနိုင်သည်။ လင်းချီစုဆောင်းမှု့အဆင့် လေး သို့ ရောက်ရှိသွားလျှင် အဓိကကျောင်းတော်သားကို တိုက်ခိုက်၍ ရနေပေပြီ။ ဝမ်ရိန်ရန်က လင်းချီစုဆောင်းမှု့အဆင့် လေး သို့ရောက်ရှိနေလျှင် လက်ရွေးစင်ကျောင်းတော်သားအဖြစ်မှာ မနေဘဲ အဓိကကျောင်းတော်သား ဖြစ်ရန်ကြိုးစားပေမည်။ ထို့အတွက် ယခုအချိန်မှာ သူ၏အဆင့်က လင်းချီစုဆောင်းမှု့အဆင့် သုံး၏အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေနိုင်သည်။ သို့သော် လင်းချီစုဆောင်းမှု့အဆင့်လေး သို့ မရောက်ရှိနိုင်သေးပေ။
လင်းချီစုဆောင်းမှု့အဆင့် သုံးမှာ ရှိနေသော သိုင်းပညာရှင်တစ်ယောက်သည် အမှန်တကယ် အစွမ်းထက်မြက်ကြ၏။ သို့သော် အံ့မခန်းအစွမ်းထက်မြက်ပြီး မည်သူ့ကိုမဆို ရန်စစော်ကားရဲလောက်အောင်တော့ မဟုတ်ပေ။ သို့ဖြစ်၍ လင်းဖန်က ဝမ်ရိန်ရန်နှင့် တိုက်ခိုက်လျှင် အနိုင်ရရှိမည်ဟူ၍ ယုံကြည်ထား၏။ သူအနိုင်မရရှိခဲ့လျှင်ပင် အသက်အန္တရာယ် မဖြစ်အောင် ဆုတ်ခွာထွက်ပြေးနိုင်၏။
