အပိုင်း ( ၆၉ )

3K 549 30
                                        

အမျက်ဒေါသ

နန်းကုန်းလင်က ပျော်ရွှင်နေသော်လည်း မိုရွှီကတော့ မပျော်ရွှင်နိုင်ပေ။ သူ၏မျက်နှာကြီးက အရုပ်စိုးနေသည်။

" ဒီကလေးက ထူးချွန်လွန်းတယ်။ မွေးကတည်းက အသေလေးမွေးလာရမှာ.... "

မိုရွှီက ရက်စက်စွာတွေးနေ၏။ လင်းဖန်က ပါရမီရှင်တစ်ယောက်မဖြစ်သေးခင်တုန်းကပင် သူ့ကို အရှက်ခွဲခဲ့ရာ မိုရွှီအနေဖြင့် လင်းဖန်အစွမ်းထက်မြက်လာတာကို မရှု့စိမ့်နိုင်အောင် ဖြစ်နေရလေ၏။

လူအုပ်ကြီး၏အလယ်မှာ ရှိနေသော ဟန်မန်းကတော့ စိတ်သက်သာရာရသွားသည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးစတစ်ခုခိုတွဲနေပြီး

" ငါ့ကို ပိုပြီးအစွမ်းထက်တဲ့လူတစ်ယောက်လို့ထင်အောင် လုပ်လိုက်သေးတယ်။ သူကမှ အစစ်အမှန်အစွမ်းထက်မြက်တဲ့လူတစ်ယောက် "

လင်းဖန်က သူ့ထက်အစွမ်းထက်မြက်တာကို တွေ့မြင်သောအခါ သူအလွန်ပျော်ရွှင်သွားခဲ့ရသည်။

သူ့ဘေးမှာ ရပ်နေသော ကျင်းယွမ်ကတော့ ကျေနပ်စွာ ပြုံးနေလေ၏။ ကြာဖူးလေးပွင့်လန်းလာသလို သူမ၏အပြုံးကို တွေ့မြင်ရသည်မှာ အလွန်ကြည်လင်သန့်ရှင်းလှပြီး စိတ်နှလုံးကို အေးချမ်းသွားစေ၏။ မြင်တွေ့နေရသော လူများကိုဆွဲဆောင်နေသလို ရှိတော့သည်။

သူတို့ဘေးမှာ ရပ်နေသော ပိုဂျွန်ကတော့ တိုက်ပွဲစင်မြင့်ကိုကြည့်ပြီး မျက်လုံးမှာ အရောင်တွေတောက်ပနေပြီး တွေးနေမိ၏။

"ဒီလိုမျိုး စွမ်းရည်ရှိလို့သာ ငါ့ကိုအမြန်ဆုံးတုန့်ပြန်တိုက်ခိုက်နိုင်ခဲ့တာ..သူက အစွမ်းထက်မြက်တာပဲ "

စိန်ခေါ်ပွဲကွင်းပြင်အတွင်းမှာတော့ ရွှီဟောက်၏မျက်နှာက ဖြူ လျော့နေသည်။ သူ့မျက်နှာက ဖြူ လျော့အေးစက်လွန်းနေပြီး အလောင်းကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

" မင်းဟာ စိတ်ဝိညာဉ်ရှိနေပေမယ့် ဓားပညာရဲ့အခြေခံသဘောတရားတွေကို နားမလည်ဘူး "

လင်းဖန်က သူ၏ဂုဏ်သိက္ခာတွေကို တစ်စစီဖျက်ဆီးပစ်နေသည်။ သို့သော် လင်းဖန်၏ အဆိုပြုချက်ကိုတော့ သူလက်ခံရပေမည်။ သူသာမဟုတ် ကြည့်နေကြသော လူအားလုံးလည်း သဘောတူကြ၏။ ရွှီဟောက်က ဓားပညာ၏ အခြေခံသဘောတရားများကို နားမလည်ပေ။ လင်းဖန်နှင့်ယှဉ်လျှင် သူ့ပုံစံက ကစားစရာဓားတစ်ချောင်းကို ဆုပ်ကိုင်ထားသော ကလေးတစ်ယောက်ပမာ ဖြစ်နေသည်။

PMG အတွဲ ( ၁ )Where stories live. Discover now