လူမဆန်ခြင်း
နန်းကုန်းလင်၏ မျက်နှာအမူအရာက တဖြည်းဖြည်းနှင့် ကြောက်စရာကောင်းလောက်အောင် အေးစက်မာကြောလာပြီး သူ၏ရှေ့က လူအုပ်ထဲကတစ်ယောက်ချင်းစီကိုလိုက်ကြည့်လိုက်သည်။ သူ၏အကြည့်ခံလိုက်ရသောလူတိုင်း ဓားသွားတစ်စင်းလို စူးရှထက်မြက်သည့် မျက်ဝန်းတစ်စုံကို ခံစားမိလိုက်ကြရ၏။
ချူ ချန်သည် ဟောက်ယွဲ့ကျောင်းတော်၏ အကြီးအကဲခေါင်းဆောင်ဖြစ်ကာ ချူ ကျန်းဖန်၏ အဖေလည်းဖြစ်သည်။
ဟန်ရွဲ့တျန်သည် နှင်းရေခဲတောင်ရွာ၏ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။
တန်ဝူရှန်းသည် မိုရှောက်ကျောင်းတော်၏ ဒုတိယခေါင်းဆောင်ဖြစ်သည်။
သွမ့်တျန်းလန်သည် အင်ပါယာမြို့တော်၏ မင်းသားလေးတစ်ပါးဖြစ်ပြီး ယွမ်ဟိုင်ကျောင်းတော်သို့ လာရောက်ခဲ့သော သွမ့်ဟန်၏ အဖေလည်းဖြစ်သည်။
ဤလူများအားလုံးသည် အင်အားအကြီးဆုံး မျိုးနွယ်စုတစ်ချို့နှင့် ကျောင်းတော်မှ ဖြစ်ကြ၏။ သူတို့အားလုံး လက်ရွေးစင်ကျောင်းတော်သားရွေးချယ်ပွဲအတွင်း လာခဲ့ကြသည်မှာ ကောင်းသောရည်ရွယ်ချက်နှင့်မဖြစ်နိုင်ဟူ၍ နန်းကုန်းလင် ခံစားမိနေ၏။
" ခေါင်းဆောင် နန်းကုန်းလင် ..။ ဟားဟား.. ငါတို့တွေ တိုက်ဆိုင်လိုက်တာ တစ်ရက်တည်း အတူတူရောက်ရတယ်လို့ကွာ "
အလွန်ကြီးမားသော ဓားပျံကြီးပေါ်ရပ်နေသည့် သွမ့်တျန်းလန်က ပြောလိုက်လေ၏။ လေမှာတဖျပ်ဖျပ်လွင့်နေသော ခမ်းနားလှသည့် ဝတ်ရုံက ခန့်ညားလှသော သူ၏ရုပ်သွင်ကို ပေါ်လွင်စေသည်။ သူသည် ဓားကိုနိမ့်ချရင်း စင့်မြင့်ပေါ်သို့ တဖြည်းဖြည်းနှင့် ဆင်းလာခဲ့လေ၏။
ချူ ချန် နှင့် ဟန်ရွဲ့တျန်းတို့သည်လည်း နန်းကုန်းလင်ကို မတူမတန်သလို နှိမ့်ချသည့် အကြည့်တွေနှင့် ကြည့်ရင်း စင်မြင့်ပေါ်မှ ဆင်းလာသည်။
သွမ့်ဟန် တို့သားအဖနှစ်ယောက်ကလည်း နန်းကုန်းလင်ကို မလိုမုန်းထားသော အကြည့်များနှင့် စိုက်ကြည့်နေကြ၏။။ မကြာသေးခင်ကပင် သူ့ကို အရှက်ရစေပြီး ကျောင်းတော်မှ မောက်မာစွာ နှင်ထုတ်ခဲ့သော နန်းကုန်လင်ကို ဖြစ်နိုင်လျှင် အကြည်နှင့်ပင် ပြာချပစ်ချင်နေမည်မှာမလွဲ ..။ရန်ငြိုးတရားကို ရင်ဝယ်ပိုက်ထားသော သူ့အတွက်တော့ နန်ကုန်းလင်ထံမှ ရန်ကြွေးတောင်းရပေမည်။ နန်းကုန်းလင်သည်လည်း သွမ့်ဟန်၏ အကြည့်တွေကို မြင်ရုံနှင့် သူ့ရင်ထဲက အဃာဒအငြိုးတေကို နားလည်ပြီးသားပါ။
