ဟိုတယ်က သတ်မှတ်ထားသည့် ယာဉ်ရပ်နားရန်ဆိုသော
နေရာမှ စက်ဘီကိုယူကာ အပြင်သို့ လရောင်တွန်းလာခဲ့သည်။ဒီနေ့အဖို့ နေလရောင်၏စိတ်များသည်
အရင်နေ့များနှင့်မတူဘဲ စိတ်လှုပ်ရှားနေသည်။
စက်ဘီးလက်ကိုင်ကို ကိုင်ထားသည့် လက်အစုံသည်
စိတ်လှုပ်ရှားမှုကြောင့် ဆုတ်ချည်ဖြန့်ချည်ဖြစ်နေ၏။
အဘယ့်ကြောင့် ဒီလောက်စိတ်လှုပ်ရှားနေပါသနည်း။
အကြောင်းအရင်းကို စဉ်းစားကြည့်လိုက်တော့
သောကြာနေ့က ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကြောင့်လားဟု တွေးနေမိသည်။ကျောင်းကိုရောက်လို့ အတန်းထဲ
သွားခဲ့လျှင် စိုင်းတိမ်ယံလင်း၏အသွင်အပြင်သည်
ပြောင်းလဲနေမည်လား၊အရင်အတိုင်းလိုဘဲ ဆက်ပြီးတည်ရှိနေမလား။သူ့မျက်နှာကို မြင်သွားကြပြီဖြစ်တာကြောင့်မက်စ်တပ်ထားဦးမလား၊ သူ့ရဲ့လက်ချောင်းတွေကို
ဖုန်းကွယ်ထားဦးမလား၊စသောအတွေးတွေကိုသာ
စဉ်းစားနေမိသည်။ သောကြာနေ့ အပြီးကျောင်းဆင်းချိန်မှာတော့ အသက်ခပ်လတ်လတ်ရှိသည့်အလုပ်သမားနှစ်ယောက် အခန်းကိုairconလာတပ်သွားပေးသည်။ဟုတ်ပါသည်လေ ဒီလောက်ပူလောင်တဲ့ရာသီဥတုကြီးမှာ
လက်ရှည်အင်္ကျီ၊လက်အိတ်တွေ ဝတ်ထားတာ
ဘယ်လိုလုပ်အပူဒဏ်ကို ခံနိုင်ပါ့မလဲလေ။ဟိုတယ်ကနေ
ကျောင်းကိုသွားသည့် လမ်းတစ်လျှောက်လုံး
စိုင်းတိမ်ယံလင်း၏ပုံစံသည် မည်သို့ဖြစ်နေမည်ကို
စိတ်ကူးရင်းသာ လာခဲ့သည်။ကျောင်းရောက်တော့
၈နာရီ၁၅မိနစ်ရှိနေပြီ။စက်ဘီးကို အမြန်ထားကာ
အတန်းရှိရာဒုတိယထပ်သို့် လရောင်အပြေးတက်လာခဲ့
သည်။နောက်ဆုံးတစ်ထစ်သာ တက်ရတော့မည့်အချိန်တွင် မတက်သေးဘဲ ခြေစုံရပ်လိုက်၏။ ထို့နောက်
ညာဘက်လက်ကလေးကို ဘယ်ဘက်ရင်အုံပေါ်သို့
တင်လျှက် မြန်ဆန်နေသော နှလုံးခုန်သံကို
ခံစားနေမိသည်။အဘယ့်ကြောင့် ထိုသို့ဖြစ်နေပါသနည်း။
သေချာတာကတော့ စိုင်းတိမ်ယံလင်းမျက်နှာကို မဖုံးကွယ်ထားစေချင်ပါ။ထိုသို့ဖြစ်စေချင်သည့် အကြောင်းအရင်းတော့ သေချာမသိပေ။လွယ်အိတ်သိုင်းကြိုးလေးကို
လရောင်ခပ်တင်းတင်းကိုင်ကာ နောက်ဆုံးတစ်ထပ်လှေကားပေါ်သို့တက်လိုက်၏။အတန်းရှေ့ရောက်သည်နှင့်
အမြန်ဝင်ကာ သူတည်ရှိမည့်နောက်ဆုံးအတန်းသို့
အရင်ဆုံးကြည့်လိုက်၏။ကုန်လွန်ခဲ့သည့်ရက်တွေနှင့်နည်းတူ အင်္ကျီလက်ရှည်၊လက်အိတ်နှင့် မက်စ်ကိုပင် ဒီနေ့မှာဝတ်ဆင်ထားတုန်း။ထို့ပြင် ပိုထူးဆန်းစွာ အရင်ကဟိုအစောင့်ဦးလေးကြီးတစ်ယောက်တည်း
စောင့်ပေမယ့် ဒီနေ့မှာတော့ ဦးလေးကြီးအပါအဝင်
နောက်ထပ်အစောင့်သုံးယောက်ရှိသည်။
ထိုအနေအထားကြောင့် လရောင်နှာခေါင်းရှုံ့လိုက်သည်။ကိုယ်ဖြစ်စေချင်သည့်အနေအထားမဟုတ်သည်ကြောင့်
နည်းနည်းတော့ ကသိကအောင့်ဖြစ်သွားသည်။နေရာ၌
ဝင်ထိုင်လိုက်ကာ စိုင်းတိမ်ယံလင်းဘက်ကို
လှည့်ကြည့်လိုက်သည်။ထိုင်ခုံအမှီကို
ခေါင်းတင်ထားကာ လက်ပိုက်လျှက်မှေးနေသည်ကို
ခဏလောက် ငေးကြည့်နေမိသည်။ဒီအချိန်ထူးဆန်းတာကို တွေးနေမိသည်က သူ့မျက်နှာသာဖုံးကွယ်မထားရင်
တော်တော်လေးစမတ်ကျမှာဘဲလို့ပင်။
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥