အချိန်တော်တော်ကြာသည်အထိ ထိုဆိုင်ရှေ့တွင်
ရပ်နေမိကာ ဝင်ရမလား၊မဝင်ရဘူးလားဆိုတာ လရောင်စဉ်းစားနေသည်။ဝင်သွား၍ ဖေဖေနှင့်တွေ့လျှင် ဖြစ်ပေါ်လာမည့်အရာတွေကိုလည်း စိုးရိမ်မိသည်။မတွေ့လျှင်လည်း ဘယ်များသွားနေသလဲဆိုတာ ပူပန်ရဦးမည်။
ရောက်လက်စနှင့် မထူးပါဘူးဟုဆိုကာ ထိုဆိုင်သို့ဝင်ရန်ဆုံးဖြတ်လိုက်သည်။မေမေအိမ်ပြန်ရောက်လို့ ကိုယ့်ကိုမတွေ့ရင် စိတ်ပူနေပါဦးမည်လေ။ ဝင်ဖို့ဆုံးဖြတ်ပြီးတာနှင့် ခပ်သွက်သွက် ဆိုင်တွင်းသို့ လရောင်ဝင်လာခဲ့သည်။
ဝင်ဝင်ချင်း ကိုယ့်အသိစိတ်ထဲ ဝင်လာသည်က
အရက်နံ့။အရမ်းနံလွန်းသည်ကြောင့် အသက်ရှူပင်မဝတော့။ကိုယ်ဝင်လာတော့ ဆိုင်ထဲကလူတော်တော်များက
အလန့်တကြား ကြည့်လာသည်။ပြီးမှသူတို့ဘာသာသူတို့
သောက်စရာရှိတာ ဆက်သောက်နေကြသည်။ဆိုင်အတွင်းကို ဝေ့ဝဲရှာကြည့်လိုက်တော့ အဖေဖြစ်သူကို
မတွေ့ရသည်ကြောင့် ဆိုင်သို့ရောက်မလာသေးသည့်ပုံပင်။သို့ပေမယ့်လည်း သေချာအောင် ဆိုင်ရှင်ဦးလေးကြီးဆီယမေးရမည်ကြောင့် အမြည်းလုပ်သည့်နေရာတွင်
ထိုင်နေသည့်ဦးလေးဆီသွားလိုက်သည်။"ဦးလေး ကျွန်တော့ဖေဖေ လာမသောက်သေးဘူးလား"
ပုလင်းအလွတ်တွေထဲ အရက်ဖြည့်နေရင်း စကားပြန်ပြောသည်။
"အေး လရောင် မလာသေးဘူး"
"မနေ့ကကော..ညပိုင်းလာသေးလားဦးလေး"
"မနေ့ကလည်းတစ်နေကုန်မလာဘူး သားလေး"
"ဒါဆို ဦးလေး"
အရက်ဖြည့်နေသည့်အလုပ်ကို ခေတ္တရပ်ကာ
ကိုယ့်ဘက်လှည့်ကြည့်လာသည်။"ပြောသားလေး"
"ဖေဖေလာရင် ကျွန်တော့ကိုလာပြောပေးပါလား"
"ငါ့ဆိုင်လား"
"ဟုတ်"
"ကောင်းပြီကောင်းပြီ ပြောမယ်ဟုတ်ပြီလားစိတ်ချ"
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥