"အာ့!"
နောက်ကျောကို နံရံနှင့်အရှိန်ပြင်းပြင်းရိုက်ခံလိုက်ရသည်။
"ဘာလုပ်တာလဲ မင်း!"
"ငါတကယ်မင်းကိုထိတွေ့လို့ရတာဘဲ.."
"ဘာပြောနေတာလဲ ဖယ်စမ်း.."
ပခုံးပေါ် အားပါပါတင်ထားသည့် လက်တွေကို လရောင်ဖယ်ချပေမယ့်မရပေ။ အားနှင့်ဖယ်ချလေ ပခုံးကိုပိုအားထည့်၍ ဆုတ်ကိုင်လာသည်ကြောင့် နာကျင်လာသည်။
"မင်း ဘာလို့ကျောင်းထွက်မှာလဲ."
"မင်းအပူမပါဘူး ငါ့ကိုလွတ်လို့ပြောနေတယ်လေ"
"မလွတ်ဘူး ငါ့ကိုပြော ကျောင်းထွက်ရတယ့်အကြောင်းအရင်းကိုပြော "
"အဲ့တာအိမ်တွင်းရေး မင်းလိုသူစိမ်းနဲ့ဘာမှမဆိုင်ဘူး စိုင်းတိမ်ယံလင်းဘာဖြစ်နေတာလဲ မင်း ငါ့ကိုလွတ်လို့"
"မလွတ်ဘူး မင်းပန်းချီပြိုင်ပွဲကောဘယ်လိုလုပ်မှာလဲ"
စိတ်ပြောင်းလို့ပြောင်းငြား နှစ်သက်သည့် ပန်းချီပြိုင်ပွဲနဲ့ဆွဲဆောင်မိသည်။
"မပြိုင်ဘူး ငါပြန်တော့မှာဖယ်!"
ဟင့်အင်း နေလရောင်ကိုမလွတ်ပေးနိုင်ပေ။ထွက်မသွားအောင် ပခုံးနှစ်ဖက်ကိုချုပ်ထားသည့် မိမိကိုယ့်လက်တွေအား ဖြုတ်ချနေသည်ကိုကြည့်ပြီး တိမ်ယံစိတ်တိုလာသည်။ထို့ကြောင့် ပခုံးမှကိုင်၍ ကိုယ့်ရင်ခွင်ထဲသို့ ခန္ဓာကိုယ်လေးကိုဆွဲယူလိုက်ပြီး လက်တစ်ဖက်ကခါးကိုဖက်ခါ
ကျန်တစ်ဖက်က ခေါင်းနောက်ကိုင်လျက် နှုတ်ခမ်းချင်းထိကပ်လိုက်သည်။မည်သူတစ်ဦးတစ်ယောက်၏အသားနှင့်မှ မထိဖူးသောကိုယ်သည် ယခု ကိုယ်ချစ်ရသူ၏အသားကိုထိရုံသာမဟုတ်ဘဲ အနမ်းဟူသည့်ရမ္မက်တစ်ခုကို လုပ်ဆောင်နေသည်
်ကြောင့် အရိုင်းစိတ်တို့နိုးကြွလာရသည်။ထို့ကြောင့်
အလန့်တကြားဖြစ်နေသည့် ခန္ဓာကိုယ်လေးအား
နံရံသို့ကပ်၍ ပါးနှစ်ဖက်အား ဆွဲယူလိုက်ကာ
အနမ်းတို့ကို သိပ်သည်းစေလိုက်သည်။မိနစ်အနည်းငယ်ကြာသည်အထိ အသိမဝင်သေးသောလရောင်ကြောင့်
တိမ်ယံ့အနမ်းတို့သည်လည်း မပျက်သေးပေ။အရမ်းကိုနူးညံ့သည့် အသားစိုင်နှစ်ခုထိတွေ့ခြင်းကြောင့် ထိုအရသာအား စွဲမက်သည့်နှယ်မ မလွှတ်ပေးချင်တော့ပေ။
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥