"လ လ လရောင်...ခု..ဘာပြောလိုက်တာလဲ."
"ကွာရှင်းမယ်စိုင်းတိမ်ယံလင်း."
"လရောင်ကွာ ကျေးဇူးပြုပြီး."
အနားကိုသွားပြီးလက်ကိုဆွဲကိုင်တော့မလိုဟန်ရုန်းထွက်သည်။တကယ်ကိုမိမိကမ္ဘာပျက်သွားလောက်အောင်ဒီစကားကနာကျင်လှပါသည်။နီရဲရဲမျက်နှာနှင့်အံကြိတ်ထားပုံသည်တကယ်ကိုမာန်မလျော့ပေ။
"ဘယ်လိုပြောလိုက်တာလဲကွာ ဒါက စ စရာမဟုတ်ဘူးလေလရောင်ရာ"
ထပ်မံ၍လက်လေးအားထွေးဆုတ်ဖို့ပြင်တော့အနောက်ကိုဆုတ်သွားသည်။မိမိဆီကနေလရောင်ခွဲသွားမှာကိုတွေးရင်းကြောက်စိတ်တွေကတိုးလာပါသည်။
"လ..ရောင်...မင်း..ကလေး လိုချင်ရင် အငှါးကိုယ်ဝန်ဆောင်ကျမယ်လေနော်..ဒီိလိုမျိုးတော့..မတောင်းဆိုပါနဲ့ကွာ..တောင်းပန်ပါတယ်..နော်..လရောင် လိမ္မာပါတယ်"
"မင်းငါပြောတာလက်ခံမှာလား လက်မခံဘူးလား စိုင်းတိမ်ယံလင်း"
"ကျစ် လရောင်!! မဖြစ်နိုင်တာကိုကွာ."
"ကောင်းပြီလေ ဒါဆိုလည်းငါအိမ်ပေါ်ကဆင်းမယ်မနက်ဖြန်ကွာရှင်းစာချုပ်ပို့လိုက်မယ်"
စိုင်းတိမ်ယံလင်းအားကျော်ကာအိမ်ထဲကိုနေလရောင်ပြေးဝင်သွားသည်။
"လရောင်!! လရောင်!!!!"
စိုးထိပ်မှုနှင့်အတူအော်ခေါ်ရင်းစိုင်းတိမ်ယံလင်းအနောက်ကလိုက်ရသည်။
"လရောင်..လရောင်.."
တစ်လမ်းလုံးအော်ခေါ်မှုကြောင့်လူကြီးတွေကအလန့်တ
ကြားထွက်လာကြသည်။"လရောင် ကျေးဇူးပြု ပြီး..စကားနားထောင်ပါကွာ.."
အခန်းထဲရှိဗီရိုထဲမှအဝတ်အစားတွေကိုထုတ်နေသည့်လရောင်သည်တကယ်ကိုတားမရတော့။
"လရောင်.."
အဝတ်တွေဆွဲထုတ်နေသည့်လက်ကလေးကိုဆွဲကိုင်တော့ရုန်းထွက်သည်။မရပါကိုယ်လည်းလွှတ်မပေးနိုင်ပါဒီ
လက်ကလေးကို။တစ်ကိုယ်လုံးကိုရုန်းမရအောင်ခပ်တင်းတင်းပွေ့ဖက်ထားလိုက်သည်။
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥